မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 5 May 2013

ဆီးကို ဓာတ်ပုံရိုက်၍ စစ်ဆေးနိုင်မည့် iPhone App ထွက်ရှိ

ရောဂါများကို ရှာဖွေကုသရာတွင် အဓိကကြသည့် ရှာ ဖွေစစ်ဆေးမှု တစ်ခုဖြစ်သော ဆီးစစ်ခြင်းအား ယခု အခါလွယ်ကူစွာ ပြုလုပ်နိုင်မည့် စနစ်တစ်ခု ပေါ်ထွက် လာခဲ့ပြီး ယင်းမှာဆီးကို ဓာတ်ပုံရိုက်၍ စစ်ဆေးနိုင် မည့် iphone Application သစ်ဖြစ်ကြောင်း နည်းပ ညာသတင်းများက ဖော်ပြထားသည်။

စစ်ဆေးလိုသူ၏ ဆီးအားဓာတ်ပုံ ရိုက်ပြီးသည့်နောက် တွင် ဆီးအရောင် ပြောင်းလဲမှုကို အခြေခံကာကျောက် ကပ်၊ အသည်းစသည့် ဖြစ်နိုင်ခြေ ရောဂါအခြေအနေ များကိုရှာဖွေ ပေးနိုင်မည်ဖြစ်သည်။ ဆီးလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါများ၏ ရှေ့ပြေး အခြေအနေ များကို ရှာဖွေပေးနိုင်မည်ဖြစ်ပြီး ယခုအခါ iphone ပေါ်တွင်သာ အသုံးပြုနိုင် မည်ဖြစ်သော်လည်း ယခုနှစ် နှောင်းပိုင်းတွင် Andriod ဖုန်းများ ပေါ်တွင်လည်း အသုံးပြုလာနိုင် မည်ဖြစ်သည်။Check ဟုအမည် ပေးထားသည့် ၎င်း Application သည် ရောဂါပေါင်း ၂၅ မျိုး၏ အခြေအနေများကို ထောက်လှမ်းနိုင်မည်လည်း ဖြစ်သည်။ ယခု Application ဖန်တီးမှုကို ဆေးပညာဆိုင်ရာ နည်းပညာ ပစ္စည်းထုတ်လုပ်သည့် Biosense Technologies ကုမ္ပဏီမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။