မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)
မူလစာမျက်နှာ
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အနုပညာသတင်း
ဘာသာရေး
ပရိတ်တော်- ဂါထာတော်များ
ကျန်းမာရေးသတင်း
နည်းပညာသတင်း
MP4 မြန်မာ
ဟင်းချက်နည်းများ
ပုံပြင်တိုစလေးများ
နည်းပညာ
ဓမ္မကဗျာလေးများ
ကဗျာ
ဗဟုသုတ
သြဝါဒများ
Tuesday, 7 May 2013
အောင်မြင်ခဲ့တယ်ဆို အောင်မြင်တဲ့ နေရာတစ်ခုမှာပဲ ထားချင်တယ် နေတိုး
ကျွန်တော့် အနေနဲ့ Mini Biography တစ်အုပ်ထွက်ပြီး သွားပြီဆိုတော့ နောက်ထပ် Biography ဆိုပြီး ထပ် ထုတ်ဖို့ အစီအစဉ် မရှိပါဘူး။ လုပ်ပြီးသား အရာ တစ်ခုပေါ်မှာ ပုံစံတူလုပ်တာမျိုး မရှိပါဘူး။ လုပ်ခဲ့ ပြီးသား ကာရိုက်တာတစ်ခုကို တောင်မှအောင် မြင် ခဲ့တယ်ဆို အောင်မြင်တဲ့ နေရာတစ်ခုမှာပဲ ထားချင် တယ်။ အောင်မြင်မှုကို နင်းပြီး ထပ်လုပ်တဲ့ အောင် မြင်မှုမျိုး မလိုချင်ပါဘူး။ အသစ်အသစ်ကိုပဲ အမြဲစဉ်း စားတယ်။ တစ်ခုအောင်မြင်ပြီဆို နောက်တစ်ခု ဘယ် လိုအောင် မြင်အောင် လုပ်ရမလဲဆိုတဲ့ အတွေး မျိုး တော့ရှိတယ်။ကိုယ့်ရဲ့ဖန်တီးမှု တိုင်းကို Own Tune ပဲ ဖြစ်စေချင်တယ်။ ကော်ပီလုပ်တဲ့ သူတစ်ယောက်က အနုပညာ သမားအစစ်လို့ ပြောလို့မရပါဘူး။အနုပညာ တာဝန်ကို ကျေချင်တဲ့အတွက် အနုပညာတာဝန်ကို ကျေအောင်အ မြဲတမ်း ထမ်းဆောင်နေတယ်လို့ ပြောရမယ်။အနုပညာရှင်ဆိုတာ ကလည်း အဓိကက ပရိသတ်ရှိရင် ရပါပြီ။ပရိသတ်အတွက် အနုပညာနဲ့ ပေးဆပ်တာ။ ပေးဆပ်မှုအတွက် ပရိသတ်က အနု ပညာကို အားပေးရင်ကျေနပ်ပြီ။ တခြားတခြားသော ဆုတွေဆိုတာ မမျှော်မှန်းပါဘူး။ကြိုးစားအားထုတ်မှု ကို အသိအမှတ်ပြုပြီး ရုပ်ရှင်ကိုဒီထက်မက ပံ့ပိုးပေး နိုင်တဲ့ ဆန္ဒလေးရှိတယ်ဆိုရင် ကျေနပ်ပါပြီ။ ဆုတွေ ကိုမျှော်မှန်း တာမျိုးလည်း မရှိပါဘူး။အနုပညာ လုပ် ရရင် ကျေနပ်ပါပြီ။ ချစ်ဖို့လိုတယ်။ အဓိကက အနု ပညာကို ချစ်ဖို့လိုတယ်။ သရုပ်ဆောင် တစ်ယောက် ဖြစ်လာဖို့က စိတ်ဓာတ်က အရေးကြီးတယ်။ စိတ်ဓာတ် ကို ပထမဆုံး င်္Foundation တစ်ခုလို ခိုင်မာအောင်မွေး မြူမှ ရမှာပါ။ အဓိကက ပွင့်ပွင့်လင်းလင်း ရိုးသားရ မယ်။ မိမိလုပ်တဲ့ အလုပ်ကို စေတနာထားပြီး လုပ်ရင် အောင်မြင်မှုဆိုတာ ရမယ်။ မိမိအလုပ်ကို ချစ်တတ်ဖို့လိုတယ်။
Newer Post
Older Post
Home