မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)
မူလစာမျက်နှာ
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အနုပညာသတင်း
ဘာသာရေး
ပရိတ်တော်- ဂါထာတော်များ
ကျန်းမာရေးသတင်း
နည်းပညာသတင်း
MP4 မြန်မာ
ဟင်းချက်နည်းများ
ပုံပြင်တိုစလေးများ
နည်းပညာ
ဓမ္မကဗျာလေးများ
ကဗျာ
ဗဟုသုတ
သြဝါဒများ
Tuesday, 7 May 2013
လောကမှာ ဘယ်အရာမှ အလကားမရဘူး ချောစုခင်
'မ'တို့ပြိုင်ပွဲ တွေမှာဒိုင် အဖြစ်နဲ့ ပါဝင်ရွေးချယ် ပေးတာ တွေရှိတယ်။ ဒိုင်လုပ်တာက ကလေးတွေကို နှိမ်ချင်လို့၊ ဖဲ့ချင်လို့လုပ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့တွေ ကအထင်လွဲ ကြတယ်။ အခုခေတ် လူငယ် တချို့က အဆိုတော် ဖြစ်ဖို့အရမ်းလွယ် တယ်လို့ယုံ ကြည် နေကြတယ်။ တကယ်တမ်း ကျတော့အ ရမ်းကို ခက်ခဲ ပင်ပန်းပါတယ်။ တစ်ပုဒ်တည်းနဲ့ အောင်မြင် သွားခဲ့ မယ် ဆိုရင်တောင် ရေရှည်ရပ်တည်ဖို့က မလွယ် ပါဘူး။ ရှေ့ဆက်ပြီး အများကြီး ကြိုးစားရဦးမယ်။ သူတို့ဆိုတာ တွေကို'မ'တို့က အပြုသဘောနဲ့ ပြောပြ တယ်။ အမှားတွေကို ထောက်ပြတယ်။ လမ်းညွှန် ပေးပါတယ်။ လောကမှာ ဘယ်အရာမှ အလကားမ ရပါဘူး။ လျှောက်ရမယ့် လမ်းက ကြမ်းတမ်းမယ်၊ ခက်ခဲမယ်။ အဲဒါတွေကို ရင်ဆိုင်နိုင်ဖို့လိုမယ်။ အခု အချိန်မှာ သီချင်းဆိုရင် အရင်တုန်းကလို သီချင်းကို ပဲခံစားနား ထောင်တာ မဟုတ်တော့ဘူး။ လူကိုကြည့် လာကြပြီ။ အဲဒီအခါ ဖက်ရှင်ကလို အပ်လာပြီ။ ကိုယ် ကဝတ် တတ်စားတတ ဖို့ကလည်း အရေးပါ သလို အကလေးတွေ လည်းတတ် မြောက်ဖို့အတွက် အရေး ပါနေပြီ။ အဲဒီလိုကိုယ်နဲ့ လိုက်ဖက်ပြီး ပရိ သတ်တွေ အမြင်ဆန်းမယ့် ဖက်ရှင်တွေ ကိုရွေး ချယ်ပြီး ၀တ် တတ်မယ်။ သီချင်းနဲ့အတူ ကကွက်လေး တွေပါဖန်တီး ရောစပ်ပြီး စီးမျော တတ်မယ် ဆိုရင်တော့ အကောင်း ဆုံးပါပဲ။ နောက်တစ်ခု အရေးကြီးတာက ကိုယ့်မှာ စန်းရှိလား၊ မရှိဘူးလား။ ကိုယ့်ကီးတွေ ဘယ်နေရာဆို ကြောင်တတ်လဲ။ ကိုယ်ကပေါင်း သင်းဆက်ဆံ ရေးအပိုင်းမှာ ညံ့ဖျင်း သူလား။ အဲဒီလိုမျိုး အစစ အရာရာ တွေးပြီး ဖြည့်နေနိုင်မှ ရေရှည်မှာ အောင်မြင်နိုင်မယ်လို့'မ'ယုံကြည် တယ်။ အသစ်ကလေးတွေကို ကြိုး စားစေချင်တယ်။
Newer Post
Older Post
Home