မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 8 May 2013

ရှားစောင်းလက်ပပ်က အသားအရေကို ချောမွေ့စေနိုင်

    က္ကဆီကို နိုင်ငံသားတွေက အသားအရေ နီမြန်းမှုနဲ့ ကြမ်းတမ်းတဲ့ ပြဿနာ တွေကို ကုသဖို့ ရှားစောင်းကို သုံးခဲ့ကြ ပါတယ်။ တက်ဆက်တက္ကသိုလ် လေ့လာမှု အရ ရှားစောင်းလက်ပပ်ဟာ အသားအရေ နီမြန်းမှုကို လျော့ကျစေတာ၊ အနာ ကျက်စေတာ၊ အရေပြား အစို ဓာတ်ကို မြှင့်တင်ပေးတာနဲ့ ဆပ်ပြာနဲ့ ဓာတုပစ္စည်း တွေဒဏ်ကို ခံနိုင်ရည် ရှိတာစတဲ့ အစွမ်းတွေရှိကြောင်း သိရပါတယ်။ အသားအရေခြောက်သွေ့ ယားယံမှုကို လည်း လျော့ ပါးစေပြီး အဖုအပိမ့်တွေကို သက်သာ စေကာ အရေပြား ဆဲလ်သစ်တွေ ထွက်လာ အောင် အားပေးပါတယ်။ သင့်အရေပြားမှာ အပြစ်အနာအ ဆာတွေ ရှိနေရင် ရှားစောင်းပါတဲ့ ခရင်မ် ဒါမှမဟုတ် ဂျဲလ်ကို လိမ်းပေးသင့်ပါတယ်။