သင့်မှာ နှလုံးရောဂါ အခြေအနေ၊ သွေးတိုး ဒါမှမဟုတ် စိုးရိမ်စိတ်
ပုံမမှန်လွန်ကဲ သည့်ရောဂါ (Anxiety Disor der) ရှိပါက ဂျင်စင်း မသောက်မီ
သင့်ဆရာ ဝန်နှင့် တိုင်ပင်ပါ။ ဂျင်စင်းက အိပ်မပျော်ရောဂါ၊ ကြောက်ရွံ့
ထိတ်လန့်ခြင်း၊ ဝမ်းလျှောခြင်းနှင့် သွေးတိုးရောဂါ ဇြစ်နိုင်ပါတယ်။
သွေးဆုံးပြီး အမျိုးသမီးများမှာ သွေး ဆင်းခြင်း ဖြစ်ပေါ်စေကြောင်း အစီရင်
ခံထားချက် ရှိပါတယ်။ သင့်မှာနာတာရှည် မဟုတ်တဲ့ ဖျားနာခြင်း၊ အဖျားဒါမှမဟုတ်
ရောင်ရမ်းခြင်းရှိရင် ကိုရီးယား၊ တရုတ် သို့မဟုတ် အမေရိကန် ဂျင်စင်းကို
မသုံးသင့် ပါဘူး။ သင့်မှာ သွေးတိုးရောဂါ ဒါမှမဟုတ် အဖျား သိပ်ပြီး
ကြီးနေရင် ဆိုက်ဘေးရီးယား ဂျင်စင်းကို မသုံးသင့်ပါ။ ဂျင်စင်းကို နောက်ထပ်
အားကြွအစွမ်း သတ္တိရှိ ဆေးဖက်ဝင် အပင်နှင့် ရောစပ်ထားတဲ့ ထုတ် ကုန်
ပစ္စည်းမျိုးကို မသုံးစွဲပါနှင့်။ ဥပမာအားဖြင့် ဂျင် စင်းနှင့်Ma Haung
(Ephedr)။ ဂျင်စင်းကိုသောက် နေရင် ကဖိန်းပါတဲ့ ယမကာများ သောက်သုံးခြင်းကို
ကန့်သတ်သင့်တယ်။
