မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 5 May 2013

ပိုင်ဆိုင်သမျှ အားလုံးလှူမည့် ဂျက်ကီးချန်းမှ သားအတွက် အမွေ

ဂျက်ကီးချန်း အနေနဲ့ မီဒီယာများကို တရားဝင် ဖွင့်ဟပြောဆိုပြီးသွားပြီ ဖြစ်

ပါတယ်။ ယင်းကတော့ တစ်ချိန်ကျ သူပိုင်သမျှ စည်းစိမ်အားလုံးကို ပရဟိတ လုပ်ငန်းတွေထဲ အားလုံး ထည့်ဝင် လှူဒါန်း လိုက်ဖို့ ဖြစ်ပါတယ်။



အသက် ၅၈ နှစ်ဝန်းကျင် ရှိပြီ ဖြစ်တဲ့ ဂျက်ကီးချန်းမှာ အသက် ၃၀ အရွယ် ဂျေစီ ချန်း (Jaycee Chan) အမည်ရ သားတစ်ယောက် ရှိပါတယ်။ သူကလည်း လက်ရှိမှာ ဟောင်ကာင်မင်းသား တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ဖခင် လောက်တော့ နာမည်မရနိုင်သေးပါဘူး။ ပိုင်ဆိုင် သမျှအားလုံးကို လှူဒါန်းမယ် ဆိုတော့ သားအတွက် ဘာကျန်လဲလို့ မီဒီယာက မေးတဲ့ အခါ အောက်ပါ အတိုင်း ဖြေပါတယ်။

"သူ အရွယ်ရောက်ပြီပဲ။ ကိုယ်တိုင် ငွေရှာနိုင်ပါတယ်။ ကျွန်တော်ပေးတဲ့ အမွေနဲ့သာဆိုရင် ငွေဖြုန်းတာကလွဲလို့ ဘာမှ သိတော့မှာ မဟုတ်ဘူးလေ၊ ဘဝကသာ သူ့အတွက် အကောင်းဆုံး အမွေပါဗျာ"

ဒီတော့ ဂျက်ကီးချန်းအနေနဲ့ သားအတွက် ချန်ပေးတာ ဘာမှ မရှိဘူး ဆိုပေမယ့် သားကိုယ်တိုင်ကလည်း ကျေနပ်ပါတယ်။ ငွေကို ကိုယ်တိုင် ရှာသုံးတတ်အောင် ဂျက်ကီးချန်းတစ်ယောက် ကောင်းကောင်း သင်ပေး၊အမွေ ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။ သူ ယုံကြည်တဲ့ အတိုင်း အမြွေအားလုံးကို အလှူလုပ်မယ်ဆိုတော့ လေးစားအားကျ ထောက်ခံ သူများ ရှိသလို၊ သားအပေါ် ရက်စက်တယ်လို့ ပြောသူလည်း ရှိလာပြန်ပါတယ်။

သို့ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ဂျက်ကီချန်းရဲ့  ဆုံးဖြတ်ချက်ကို အများစုက ကောင်းချီထောပနာ ပေးကြောင်း သိရပါတယ်။