နိုင်ငံတကာမှာ ရုံတင်ပြသနေ တဲ့ ရုပ်ရှင်ဇာတ်ကားသစ် Rust and Bone မှာ ပြင်သစ် ရုပ်ရှင်မင်းသမီး မယ်ရီယွန် ကော့တီးလတ်(ဒ်) (Marion Cotillard) ဟာ ပြင်သစ်နိုင်ငံ၊ အင်တီး(ဘ်)မြို့ရှိ Marine Land (အဏ္ဏ၀ါပြခန်း)မှာ ပရိသတ်ကို ဖြေဖျော်စဉ် မတော်တ ဆမှုကြောင့် ခြေတစ်ဖက် ပြတ်သွားတဲ့ ဝေလငါး လေ့ကျင့်ပေးသူ 'စတက်ဖနီ' အဖြစ် သရုပ်ဆောင် ထားပါတယ်။
စတက်ဖနီဟာခြေ ပြတ်ပြီး အားပြန် မွေးနေတဲ့ ကာလ အတွင်းမှာ လက်ဝှေ့သမား လုပ်စားမယ့် အမျိုးသား တစ်ဦးနဲ့ သံယောဇဉ် တွယ်မိပါတယ်။ မယ်ရီယွန် ဟာ စတက်ဖနီ အဖြစ် သရုပ်ဆောင် ရာမှာ အထူးပြောင်မြောက်လှပါ တယ်။ ၂၀၀၈ခုနှစ်က အော်စကာ ဆုပေးပွဲမှာ La Vie en Rose ဇာတ်ကားအတွက် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ရတဲ့  ရှားရှားပါးပါး ပြင်သစ် မင်းသမီး တစ်ဦးဖြစ်လာတဲ့ မယ်ရီယွန်ဟာ လတ် တလောမှာတော့ ပြင်သစ်ရုပ်ရှင် လောကမှာ ဘုရင်မတစ်ပါးလိုဖြစ် နေပါတယ်။
မယ်ရီယွန်ဟာ ၂၀၁၂ခုနှစ် အတွင်း ရုံတင်ပြီး ၀င်ငွေကောင်း ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတိုဖာနိုလန် ရဲ့တတိယမြောက် Batman ဇာတ် ကား The Dark Knight Rises မှာ ပုစ္ဆာဆန်ပြီး ဆွဲဆောင်မှု ရှိတဲ့  မိန်းမ တစ်ယောက်အဖြစ် သရုပ် ဆောင်ရာမှာလည်း ပီပြင်လှပါ တယ်။
ဟောလိဝုဒ် ဒါရိုက်တာ တင်(မ်) ဘာတွန်က Big Fish ဇာတ်ကားမှာ သူ့ကို ကိုယ်ဝန်သည် ပြင်သစ်အ မျိုးသမီး တစ်ဦး အဖြစ် သရုပ်ဆောင် ခိုင်းခဲ့ပြီး ဒါရိုက်တာရစ်ဒလီစကော့ ကလည်း ပြင်သစ်ပြည်တောင်ပိုင်း ကို ဂုဏ်ပြုတဲ့ဇာတ်ကား A Good Year မှာ ခေါင်းဆောင် မင်းသမီး လုပ်ခိုင်းခဲ့ပါတယ်။ အဲဒီဇာတ်ကား နှစ်ကားစလုံး ဟောလိဝုဒ်မှာ စိတ်ဝင်စားမှု နည်းပေမယ့် ဇာတိပြင် သစ်မှာတော့ သူ့အတွက် အခြေအနေ ပြောင်းလဲသွားစေတယ်။
'ပြင်သစ်မှာ ကိုယ်ဟာလေး နက်တဲ့ မင်းသမီးဖြစ်ကြောင်း သက် သေပြချင်ရင် ပိုက်ဆံ မရတဲ့ ဇာတ်ကား တစ်ကားမှာ သရုပ်ဆောင်ဖို့ လိုတယ်။ ဘာတွန်က ကျွန်မကို ရွေးတော့ ပြင်သစ် ဝေဖန်ရေး ဆရာ တွေက သဘောကျကြတယ်။ သူ့ကို ရုပ်ရှင် ဆရာဝန် တစ်ဦးလို သူတို့ကမြင်တယ်။ အဲဒီဇာတ်ကား မအောင် မြင်တာက ကျွန်မအတွက် အဆင် ပြေသွားတယ်' လို့ သူကပြောပါ တယ်။
သူနောက်ရိုက်မယ့် ဇာတ်ကား မှာတော့ ပိုလန် နိုင်ငံသူ လေသံ ၀ဲဝဲနဲ့ အင်္ဂလိပ်စကားပြောပြီး သရုပ် ဆောင်ရမှာပါ။ နာမည် မပေးရသေးတဲ့ အဲဒီဇာတ်ကား ရိုက်ကူးစဉ် မယ်ရီယွန်ဟာ သူ့ချစ်သူ ပြင်သစ် မင်းသား ဒါရိုက်တာ ဂီလိန်းကာ ညေး၊ သူတို့ရဲ့ ၁၈ လအရွယ်သား လေးမာစဲ(လ်)တို့နဲ့ အတူ နယူး ယော့ခ်မြို့မှာ နေထိုင်ပါတယ်။ မယ်ရီယွန်နဲ့ 'W' မဂ္ဂဇင်းမှ လင်း ဟာ့(ရှ်)ဘာ့(ဂ်)တို့ရဲ့အင်တာ ဗျူးကို ကောက်နုတ်တင်ပြအပ်ပါ တယ်။
Q. ရှင် ပထမဆုံး ကြည့်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကို မှတ်မိသေးလား။
A. ကာတွန်း ဇာတ်ကား Fantasia ပါ။ အဲဒီဇာတ်ကားထဲက ရေမြင်းကို ကျွန်မ သဘောကျတယ်။ နောက်ပြီး E.T. ပေါ့။ ရုပ်ရှင်ရုံထဲမှာ ကျွန်မ အရမ်း ပေါက်ကွဲသွားတယ်။ အီးတီကို ဖမ်းသွားကြတော့ ကျွန်မ အရမ်း ဒေါသထွက်တယ်။
Q. ရှင့်ကို ရုပ်ရှင် သရုပ်ဆောင် လုပ်စားချင်စိတ်ပေါက်အောင် လုပ်တဲ့ မင်းသား ဒါမှမဟုတ် မင်းသမီး သပ်သပ် ရှိသလား။
A. ကျွန်မ မိဘနှစ်ပါးစလုံးက သရုပ်ဆောင်တွေပဲ။ သူတို့အကြိုက် ဆုံးမင်းသားက 'ချာလီ ချက်ပလင်' ပါ။ ကျွန်မအမေ အကြိုက်ဆုံး မင်းသမီးက ဂရက်တာဂါဘိုးပါ။
Q. ရှင် ပထမဆုံးသရုပ်ဆောင် တဲ့ ဇာတ်ကားကဘာလဲ။
A. The Story of a Boy ပါ။ ကျွန်မ သရုပ်ဆောင်ထားတာ သိပ်မကောင်းဘူး။ ကျွန်မ ရုပ်ရှင် ပိုရိုက်လေ ပိုပြီး ကြိုးစား လုပ်ကိုင်ဖို့ လိုအပ် လေပဲ။ ကျွန်မကံကောင်းရင် ပိုတော်လာမယ်။
Q. ရှင့်ရဲ့ ပထမဆုံး အမေရိကန် ရုပ်ရှင်ဇာတ်ကားက တင်မ်ဘာ တွန်ရဲ့ Big fish နော်။
A. ကျွန်မက ဒါရိုက်တာတင်မ် ဘာတွန်ရဲ့ Beetlejuice ကို အရမ်းကြိုက်ခဲ့ပြီး သူနဲ့ ရုပ်ရှင် တွဲရိုက်ချင်ခဲ့တယ်။ သူရေးတဲ့ Big Fish ဇာတ်ညွှန်းကို ကျွန်မ ခေါင်းအုံးအောက်မှာ တစ်လလုံး ထားအိပ်တယ်။ ကျွန်မ သရုပ်ဆောင်ခွင့် ရတာ အဲဒါကြောင့် ဟုတ်မဟုတ် တော့မသိဘူး။
Q. Rust and Bone ဟာ ပြင်သစ်စကားပြော ဇာတ်ကားဖြစ် ပေမယ့် နိုင်ငံစုံက ပရိသတ် အားလုံး စိတ်ဝင်စားတယ်။ အဲဒီဇာတ်ကား ထဲမှာ အဲဒီဝေလငါးကြီးတွေနဲ့ ရှင် ဘဲလေးအကကသလို အပြန်အလှန် တုံ့ပြန် ဆက်သွယ်ပုံလှပတဲ့အခန်း တွေပါတယ်။ အဲဒီအတွက်လေ့ကျင့် ရတာခက်သလား။
A. တိရစ္ဆာန်တွေကို ဖမ်းဆီးထားတာ ကျွန်မ သိပ်ဘ၀င်မကျဘူး။ Rust and Bone ရိုက်မယ်လို့ သတင်းကြားတော့ ကျွန်မ ဇာတ်ကောင်က ဝေလငါး လေ့ကျင့်ပေးသူဖြစ်လို့ ကျွန်မ သရုပ်ဆောင်ဖြစ်မယ် မထင်မိဘူး။ ပထမဆုံး လေ့ကျင့်တဲ့ နေ့က မလွယ်ဘူး။ ဝေလငါး တွေက အဲဒီလောက် ကြောက်စရာ မကောင်းပါဘူး။ သူတို့ကို အစာ ကျွေးရင် ခိုင်းတာ အကုန် လုပ်ပေးတယ်။
Q. ရှင့်ရဲ့ဇာတ်ကောင် စတက် ဖနီနဲ့ ရှင် အတူတူပဲလို့ ခံစားရသလား။
A. ကျွန်မ မကြိုက်တဲ့ဇာတ် ကောင်ကို ဘယ်တော့မှ အသက်မ သွင်းပေးနိုင်ဘူး။ ကျွန်မ ဖတ်ရတဲ့ ဇာတ်ညွှန်းထဲက ဇာတ်ကောင်ကို မုန်းရင် အဲဒီဇာတ်ကားကို လက်မခံဘူး။ ယုတ်မာ ဆိုးသွမ်းတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရင် ယုတ်မာခြင်း ရဲ့ ဇစ်မြစ်ကို နားလည်ရမယ်။
Q. Rust and Bone မှာ မျက်စိ ရှက်စရာ ကာမ ဆက်ဆံမှု ပြကွက်တွေ အတော်များများ ပါတယ်။ La Vie en Rose ထဲက ရှင်သေတဲ့ အခန်း ဒါမှမဟုတ် Rust and Bone ထဲက ကာမ ဆက်ဆံခန်း၊ ရှင့်အတွက် ဘယ်ဟာ သရုပ်ဆောင်တာ ပိုခက်သလဲ။
A. လိင်ဆက်ဆံတဲ့ အခန်းက ပိုခက်တာပေါ့။ အဲဒီအခန်းတွေကို ကျွန်မ မုန်းတယ်။ ဒီဇာတ်ကားမှာ ခန္ဓာကိုယ်က သိပ်အရေးကြီးတယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာ ကျွန်မ ၀တ်လစ်စလစ် ဖြစ်တာကို မကြိုက်ဘူး။
Q. ပြင်သစ်မှာ Batman ဘယ်သူမှန်း သိကြရဲ့လား။
A. သိပါတယ်။ သူက ရေပန်း စားတယ်။ စူပါ လူစွမ်းကောင်းတိုင်းကို မသိပေမယ့် Batman ကိုတော့ သိကြတယ်။ သူက လူသား တစ်ယောက်ဆိုတော့ ကျွန်မတို့ ထပ်တူ ခံစားကြည့်လို့ရတယ်။
Q. တန်ခိုး စွမ်းအားတစ်မျိုး ရှင်ရမယ်ဆိုရင် ဘယ်ဟာကို ရွေးချယ်မလဲ။
A. ကျွန်မ လေထဲ ပျံဝဲချင်တယ်။ ကိုယ်ပျောက် ၀ိဇ္ဇာတော့ မဖြစ်ချင်ဘူး။ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ ခန်းမဆောင်ထဲ ကျွန်မ ၀င်လို့ရရင် ကျွန်မ သတ်သေမိမယ်။ ကမ္ဘာကြီးကို လူတွေ အုပ်စိုး ပုံမြင်ရတာ ရင်နာတယ်။
Q. ရုပ်ရှင်မင်းသမီး အများအပြားဟာ ပြိုင်ဆိုင်မှု လွန်ကဲကြတယ်။ ဒါမှမဟုတ် ခြိမ်းခြောက် ခံရသလို ခံစားကြရတယ်။ ဒါမှမဟုတ် နှစ်မျိုး စလုံးဖြစ်တယ်။
A. အင်း ဟုတ်တယ်။ အဲဒါ ကျွန်မသိတယ်။ ဒါပေမဲ့ မင်းသမီး တွေကို ကျွန်မချစ်နေတုန်းပဲ။ သူ တို့ကိုကြိုက်တယ်။ ဇာတ်ကား တစ်ကားမှာ မင်းသမီး တစ်လက် မပါရင် ကျွန်မအတွက် တစ်ခုခု လိုနေသလိုပဲ။ ရုပ်ရှင်ထဲမှာ မိန်းမ တစ်ယောက် မပါရင် တစ်မျိုး ခြားနားတယ်။