မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 6 May 2013

အစာမကြေခြင်း သက်သာလိုလျှင် ဒိန်ချဉ်သောက်ပါ

ဗိုက်နာ၊ ဗိုက်အောင့်တဲ့ အခါ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို မစားသင့် ပေမယ့် အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ် ကတော့ ခြွင်းချက်အနေနဲ့ သောက်သင့် ပါတယ်။ ဒိန်ချဉ်က ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပြီး အစာခြေ စနစ်ဝေ ဒနာတွေကို သက်သာ စေပါတယ်။ အထူး သဖြင့် သကြားနဲ့ တခြားအရသာတွေ မ ပါတဲ့ ဒိန်ချဉ်အလွတ်ကို စားပါ။ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင် တဲ့ ကရဝေးစေ့ဟာ မကောင်းတဲ့ ဘက်တီးရီးယား ကြီးထွား ပေါက်ဖွားမှုကို ဟန့်တား ပေးပါတယ်။ မကောင်းတဲ့ ဘက်တီး ရီးယားတွေက အစာမကြေတာ၊ လေထ တာနဲ့ လေပွတာတို့ ဖြစ်စေ နိုင်ပါတယ်။ အစာစားပြီး ဝမ်းဗိုက် မအီမသာ ဖြစ်နေ ရင် ကရဝေးစေ့ လက်တစ်ဆုပ်စာကို နည်းနည်းချင်း မြုံ့ပေးပါ။