မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 5 May 2013

ရွှေမှုန်ရတီ အကြောင်း

My Brain
စဉ်းစားတဲ့ နေရာမှာ အသုံးပြုတယ်။ ကိစ္စတွေကို ဆုံးဖြတ်တဲ့အခါ မှာ အရေးကြီးတယ်။
My Eye
မျက်လုံးရှိမှ အရာဝတ္ထုတွေကို မြင်နိုင်တယ်။ ပြီးတော့ သရုပ်ဆောင် တဲ့နေရာမှာလည်း အရမ်းအရေးကြီး တယ်။
My Ear
ကိုယ့်ကို လူတွေ ဘာပြောနေ လဲဆိုတာကို နားထောင်တယ်။
My Nose
နှာခေါင်းက အသက်ရှူနေမှ အဆင်ပြေတာလေ။
My Mout  စကားတွေပြောမယ်၊ စာတွေကျက်မယ်၊ ဒိုင်ယာလော့ခ်တွေပြော မယ်။

My Teeth
သွားမရှိတဲ့ ဘိုးဘိုး ဘွားဘွား တွေဆိုရင် သူတို့ဆီမှာ သွားမရှိတော့ အစာစားတဲ့ အခါ အရမ်းဒုက္ခ ရောက်တယ်။ အစားစား တဲ့အခါ သွားတွေ ကိုအသုံးပြု ပါတယ်။
My Heart
ရွှေမှုန် အတွက်တော့ အဓိကက ချစ်တာတွေ၊ ခံစားဖို့တွေ ဆိုတာ ထက် အမြဲတမ်း နှလုံးခုန်သံ မှန်နေဖို့ အရေး ကြီးတယ်။ နှလုံး အမြဲတမ်း ခုန်နေမှ လူဆိုတာက အသက်ရှင် တာလေ။ ရွှေမှုန်က နှလုံးရောဂါ နည်းနည်း ရှိတော့ သူများ တွေထက် ပိုပြီးတော့ ဂရုစိုက်ရတယ်။
My Shoulder

ကျောင်းတက် နေရတာ ဖြစ်တဲ့အတွက် ကျောင်းသွားရင် လွယ်အိတ် လှလှလေးတွေ လွယ်သွားတယ်။
My Hands
လက်တွေရဲ့ တာဝန်တွေက အ များကြီး ပါပဲ။ စာရေး ဖို့တို့၊ အစား စားဖို့တို့၊ ကားတံခါး ဖွင့်ဖို့တို့၊ လက်ဆွဲ နှုတ်ဆက်တာတို့ အစရှိသဖြင့် အသုံးပြု ပါတယ်။
My Legs
ခြေထောက် တွေရှိမှ ကိုယ်သွား ချင်တဲ့ နေရာကို အလွယ်တကူ အခက် အခဲမရှိဘဲ သွားလို့ ရတာလေ။
My Money
ရွှေမှုန်လက်ထဲမှာ ပိုက်ဆံတစ်ခါမှ မကိုင်ဖူးဘူး။ အမေ့ကို အပ်ပြီး ကိုယ်လို သလောက် အမေ့ဆီကပြန် တောင်းပြီး သုံးပါတယ်။
My Work
အလုပ်ကတော့ လူတိုင်းမှာ ရှိဖို့လိုအပ် ပါတယ်။ ဘဝမှာအရေး ကြီးဆုံးထဲမှာ အလုပ်လည်း ပါတယ်။
My Lover
ရည်းစား မရှိသေးပါဘူး။ ချစ်တဲ့သူတွေ ထဲမှာ ရွှေမှုန်ကို အားပေး တဲ့ပရိသတ်တွေလည်း ပါပါတယ်။
My Hobby
သရုပ်ဆောင် ရတာကို အရမ်း ဝါသနာ ပါပါတယ်။ ပြီးတော့ သီချင်း နားထောင် တာလည်း ဝါသနာပါတယ်။