နန်းခင်ဇေယျာက ရန်ကုန်တိုင်းဒေသကြီး (၁၀) မြို့နယ်မှ ပရဟိတဂေဟာ (၁၂) ခုနှင့် ဆင်းရဲနွမ်းပါး ကလေးငယ် (၁၃၅၀) ဦးတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်တင်ပေးခြင်း အားသစ်လောင်း အစီအစဉ်ကို မေလ ၁ ရက် ( အလုပ်သမားနေ့)တွင် ပြည်သူ့ရင်ပြင်၌ နံနက် (၁၀)နာရီမှ ညနေ (၅)နာရီထိ ပြုလုပ်မည် ဖြစ်ကြောင်း သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားချက် အရသိရသည်။ ကလေးတိုင်း မိမိကိုယ်မိမိ ယုံကြည်မှု ရှိလာစေရန်။ မျှော်လင့်ချက်များ ရှင်သန်လာစေရန်။ ကလေးတိုင်း
အားသိမ်ငယ်မှုများ ပပျောက်စေရန်။ရဲရင့်ခြင်း ရှိလာစေရန်။ ကိုယ်ကျင့်တရားနှင့် စည်းစနစ်စံနှုန်းများကို လေးစားထိန်းသိမ်း တတ်သူများ ဖြစ်လာစေရန်။ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ပညာရေးကိုပိုမို အလေးထား တတ်စေရန်။ လူအချင်းချင်း စာနာစိတ်ဖြင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံတတ်စေရန်။ ရည်ရွယ်ပြီး ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်း နန်းခင်ဇေယျာက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းအတွက် သူနှင့်အတူ အားပေးစကားပြောရင်း ကလေးငယ်တို့၏ ယုံကြည်မှု၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရရှိအောင် ၀ိုင်းဝန်းကူညီ ထောက်ပံ့ကြရရန် မိဘပြည်သူများ၊ စိတ်ပါဝင်စား သူများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။