ပူစီနံ ရောထားတဲ့ ဖျော်ရည်ကို သောက် ရပါမယ်။ မုန်လာဥနီက အာဟာရ
ပြည့်ဝ စေပြီး ပူစီနံက အစာအိမ် ဝေဒနာကို သက်သာ စေပါတယ်။ ပြုလုပ် နည်းကတော့
ဥနီလေးလုံးကို ပါးပါးလှီးပြီး ရေလေး ခွက်နဲ့ ပြုတ်ပါ။ ပြီးရင် ပူဒီနာ
အခြောက်မှုန့် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ပြုတ်ပါ။ အလယ် အလတ်ပဲ အပူပေးပြီး
မုန်လာဥ နီတွေ ပျော့လာတဲ့ အထိ ပြုတ်ပါ။ ပြီးရင် ကြေညက်အောင် မွှေပြီး
အေးမြအောင် ထားကာ ချင်းအနည်းငယ် ဒါမှမဟုတ် သံပရာရည် အနည်းငယ် ထည့်သောက်ပါ။
