မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 8 May 2013

နှလုံးကိုကျန်းမာစေတဲ့ ဆဲယ်မွန်ငါး

နှလုံး ကျန်းမာ စေတဲ့ ဆယ်လ်မွန် ငါးမှာ ဗီတာမင် ဘီအုပ်စုနဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်တို့ ပါဝင်တာကြောင့် မျက်စိကို ကာကွယ်ပေးပါတယ်။ ရိုင်ဘို ဖလေဘင်နဲ့ နိုင်ယာစင်တို့ ပါတဲ့အစာတွေကို များများစား တာကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေ ကို ထက်ဝက်ခန့် လျော့ကျ စေကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ဒါ့အပြင် ဆယ်လ်မွန်ငါးမှာ ပါဝင်တဲ့ ကောင်းတဲ့ အဆီဟာ မက်ကူလာ ယိုယွင်းပျက်စီးမှုဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ တစ်ပတ်မှာ ငါးတစ်ကြိမ် စားရုံနဲ့ မက်ကူလာယို ယွင်းပျက်စီးမှု ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းကျော် လျော့ကျ စေကြောင်း လေ့လာမှု တစ်ရပ်အရ သိရပါတယ်။