၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ သရုပ်ဆောင် မယ်လိုဒီက ထာဝရအလင်း တန်း ရုပ်ရှင်နဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့ပါ တယ်။ အကယ်ဒမီ စင်မြင့်ပေါ်က သူပြောခဲ့တဲ့ ကျေးဇူး တင်စကားထဲက (၆) နှစ်တာလုံးလုံး အားပေးခွင့်ပြု ခဲ့တဲ့ "ကို့" ကို ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားထဲက "ကို" က ပရိသတ် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။သူက facebook လည်း ပုံမှန် အသုံးပြုသူ တယောက်ဖြစ် ပါတယ်။ facebook မှ melody ဆိုတဲ့ Account ကနေ အကယ်ဒမီ မယ်လိုဒီအဖြစ် အနုပညာ လှုပ်ရှားမှုများ ကို ပြန်လည် လုပ်ကိုင်တော့မယ် ဆိုတာကြောင့် ဝေဖန်ချက် တွေကတက်လာပြန်ပါတယ်။ သူက အနုပညာအလုပ်တွေ မလုပ်တော့ဘူး ဆိုထားတာကို ဇန်နဝါရီ ၂ ရက် စိမ်းလန်းစိုပြည်မှာ ပြုလုပ်ခဲ့တဲ့ ထာဝရအလင်းတန်း ဇာတ်ကားမှာ ဒါရိုက်တာဆုရရှိတဲ့ ဒါရိုက်တာ ထွန်းအောင်ဇော်ကို ဂုဏ်ပြုတဲ့ပွဲမှာ မယ်လိုဒီနဲ့ ခဏတာ ဆုံတွေ့ခိုက်..........
