မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 5 May 2013

အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ မြင့်မြတ်

‘ရွှေမင်းသမီးနဲ့ တောသားကိုကို’ ဇာတ်ကားမှာ မြင့်မြတ်က မိုးယုစံနဲ့ အတူ သရုပ်ဆောင်နေပြီး ဒီဇာတ်ကားလေးက ဟာသ အချစ် ဇာတ်ကားလေး ဖြစ်တယ်လို့ သိရပါ တယ်။

မြင့်မြတ်က ဇာတ်လမ်းတွေ ရွေးချယ်မှု အကြောင်းကို “အဓိကကတော့ ချစ်၊ ကြိုက်၊ ကွဲ၊ ညား ဇာတ်တွေက များနေတော့ အဲဒီ ပုံစံ လေးတွေနဲ့ သိပ်မတူတဲ့ ဇာတ်မျိုး လေးတွေကို ကျွန်တော် ရွေးထားတယ်။ တစ်နှစ်ထက် တစ်နှစ်က အတွေ့အကြုံ ရင့်ကျက်လာတဲ့ အပေါ်မှာမူတည်ပြီး အကောင်းဆုံးတွေ ဖြစ်အောင် ကျွန်တော် ပြင်ဆင် ထားပါတယ်။


အမြဲတမ်း ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြစ်တယ်။”လို့ မြင့်မြတ်က ပြောပါတယ်။ နှစ်တစ်နှစ် ပြောင်းလဲ လာတာနဲ့ အမျှ အမှားကို အတတ်နိုင်ဆုံး နည်းအောင်လည်း ကိုယ့်ကိုယ်ကိုယ် အမြဲ ပြန်ပြီးတော့ သုံးသပ် ဖြစ်ကြောင်းကို ”တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲလာတာနဲ့ အမျှ မကြုံဖူးသေးတဲ့ ခံစားချက် အသစ်တွေလည်း ထပ်ထပ်ပြီးတော့ ရတယ်။

လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ကိုယ့်ကိုယ် ကိုယ်လည်း ပြန်ပြီး သုံးသပ်ရတယ်။ ပြန်ပြီး သုံးသပ်နိုင်မှလည်း နောင်တစ်ချိန်မှာ ကျွန်တော် အမှား နည်းအောင် လုပ်နိုင်မှာ။ အဲဒီအတွက် ပြန်ပြီး သုံးသပ်ဖြစ်တဲ့ ကိစ္စအားလုံးကို သုံးသပ်ဖြစ်တယ်။ လူမှုရေးကိစ္စ၊ အလုပ်ကိစ္စ အားလုံးပါ။ ကိုယ်မှားခဲ့တာတွေ ရှိခဲ့ရင်လည်း ပြန်ပြီးတော့ ပြင်ဆင် လုပ်ဆောင်ဖြစ်တယ်” လို့ ပြောပြီး မြင့်မြတ်က ရောက်တဲ့အချိန်မှာတော့ အကောင်း ဆုံးဖြစ်အောင် နေထိုင်ပြီး နောက်လုပ်မယ့် အလုပ်တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး ပြင်ဆင်ဖြစ်တယ် လို့ပြောပါတယ်။

မြင့်မြတ်က အခု နောက်ပိုင်းမှာလည်း ဇာတ်ကား ရိုက်ကူးရေးပိုင်းမှာ တစ်လကို ၃ကားပဲ ရိုက်ကူးမှာဖြစ်ပြီး ကားရိုက်နားတဲ့ ရက်တွေမှာ သီချင်းခွေ အတွက် ပြင်ဆင်ဖို့ ရှိကြောင်း ပြောပါတယ်။ မြင့်မြတ်က အချစ်ရေးမှာလည်း အဆင်ပြေပြီးတော့ အေးအေး ဆေးဆေး ဖြစ်နေပြီး ချစ်သူများနေ့မှာတော့ ကားရိုက်တွေနဲ့ပဲ ဖြတ်သန်းဖို့ များတယ်လို့ ပြောပါတယ်။