မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 4 May 2013

သိုးတစ်ကောင်ရဲ့ဒဏ္ဍာရီ

သိုးတစ်ကောင်ရဲ့ဒဏ္ဍာရီ


တကယ်တမ်းကျတော့
ငါ့လက်က ဖိတ်ကျသွားတဲ့သစ္စာတရား
သိပ်မများပါဘူး ချစ်သူ
လူမည်ရုံလေးပါ။
တွေ့လား...
မေတ္တာတရား... ရှေ့ထားဟန်ပြရင်ပဲ
လူရာမ၀င်တော့သလို
မျက်နှာညိုပြနေလိုက်ကြတာ...
ကြာလာတော့လည်း...
သိုးမည်းတွေထဲ ဖြူနေသူ
အလယ်လူအပြစ်ဖြစ်မှာစိုးလို့
မိုးခါးရေတစ်ခွက်
ခပ်သွက်သွက်မော့သောက်လိုက်တယ်။
ကြမ်းတမ်းစွာစီးဝင်သွား
နှလုံးသားတစ်လျှောက်
ဖောက်ပြန်မှုတို့ရုန်းထ
ဘ၀သိက္ခာ...
ငါ... ပြန်မရနိုင်တော့ပါလား။
ချစ်သူရေ
ကိုယ့်ကိုခွင့်မလွှတ်လိုက်ပါနဲ့။


မနော်ဟရီ