LF F7 နဲ့ F5 ဆိုပြီအသစ်ထွက်တော့မှာ ဖြစ်တဲ့အတွက်F7 ကို မိတ်ဆက်ပေးလိုက်ရပါတယ်။HD ဖုန်းပါ။ ရုပ်ထွက်ကြည်လင်မှု HD IPS 312ppi အဆင့်ရှိတဲ့ Display ကို အသုံးပြုပြီး ယခု ၂၀၁၃ ရောက်မှ ရေပန်းစားလာတဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ အရွယ်အစား ၄.၇ လက်မ TrHD ဖြစ်ပါတယ်။
OS - 4.1.2 Jelly Bean နောက်ဆုံးထွက်ကို အသုံးပြု ထားပါတယ်။
RAM က 2GB ဖြစ်ပြီး internal 8GB ရှိပါတယ်။ microsoft SD ကဒ် နဲ့ နောက်ထပ် 32 GB ထပ်ဆိုက်လို့ ရပါတယ်။ ဘက်ထရီက 2,540 mAh အားဆိုတော့ ယခု နောက်ဆုံးထွက် စမတ်ဖုန်းများနဲ့
မထူးမခြားနားပါပဲ။ ကင်မရာကလည်း နောက် 8 megapixel , flash ပါပြီး အရှေ့ က 1.3 megapixel ရှိပါတယ်။ Video ရိုက်ဖို့အတွက် 1080p အဆင့် resolution တောင် ထောက်နိုင်ပြီး ကင်မရာကောင်းတဲ့ ဖုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။ Sony က 12 megapixel, 13 mega တွေ ထုတ်နေပြီဖြစ်ပြီး ၂၀၁၃ မှာထွက်မယ့်ဖုန်းက 8 megapixel ဆိုတော့ ကင်မရာ အရမ်းကောင်းတဲ့ ဖုန်းရယ်လို့တော့ မဟုတ်ပါဘူး။
Processor ကတော့ ကောင်းပါတယ်။ 1.5GHz dual-core အသုံးပြုထားပြီး Samsung နောက်ထွက် အဆင့်မြင့်ဖုန်းများနဲ့ အတူတူလောက်ပါပဲ။ ဈေးနှုန်းကို မကြေညာရသေးပါဘူး။ LG က မြန်မာပြည်မှာဆိုရင် Samsung အမြင့်ဖုန်းများနဲ့ ဈေးသိပ်မကွာတဲ့ ဖုန်းများ ဖြစ်ပါတယ်။ Optimus ဖုန်းများအရောင်းသွက်ပြီး F စီးရီး အသစ်ဖြစ်တဲ့ F7 ဟာလည်း ဈေးအသင့်တင့် ရှိရင် ရောင်းအားကောင်းနိုင် ပါတယ်။ ၂၀၁၃ နှစ်လယ်နောင်းပိုင်းကစလို့ ဖြန့်ချိရောင်းချမယ့် ဖုန်းဖြစ်ကြောင်း သိရပါတယ်။