မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 5 May 2013

ဖုန်း ဆင်းကတ်ပျောက် ကိုယ်တိုင်လျှောက်လျှင် နေ့ချင်း ရပြီ


                                                                      ဖုန်းဆင်းကတ် ပျောက်ဆုံးသူများစာရွက်၊စာတမ်း အပြည့်အစုံနှင့်ကိုယ်တိုင်လာရောက် လျှောက်ထားပါက နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီဟု ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးမှသိရသည်။ယခင်က မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ဖုန်းဆင်းကတ်ပျောက်ဆုံးမှုကို နှစ်ပတ်ကြာမှသာ ပြန်လည် ထုတ်ပေးခဲ့ပြီး ကတ်ပျောက် လျှောက်ထားမှုကို ကိုယ်စား လျှောက်ခွင့် ပေးခဲ့ကြောင်း သိရသည်။
''ဒီလ ဒုတိယအပတ် ထဲမှာပဲ စနစ် ပြောင်းလဲခဲ့တာပါ။ ကိုယ်တိုင် လာမလျှောက်ရင်တော့ နေ့ချင်းပြီး ရမှာ မဟုတ်ပါဘူး။ အဓိကတော့ ဖုန်း အမှန်တကယ် ပျောက်ဆုံးခဲ့တဲ့ လူတွေ အချိန်တို အတွင်း ဖုန်းပြန်ကိုင်နိုင်ဖို့ အရင်စနစ်ကို ပယ်ဖျက်ပေးလိုက်တာပါ'' ဟု ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးမှ        
အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ပြောသည်။
ယင်းသို့ ကတ်ပျောက်ဆုံးမှုကို နှစ်ပတ်မှ နေ့ချင်းပြီး ဆောင်ရွက်ပေး ခဲ့သော်လည်း ကတ်ပျောက်မှု အတွက် ပေးသွင်းရသည့် နှုန်းထားကိုမူ ယခင်နှုန်းအတိုင်း ကျပ် နှစ်သောင်း ဆက်လက် ကောက်ခံလျက်ရှိကြောင်း၊ ကတ်ပျောက် လျှောက်ထားမှုတွင်လည်း ဆက်သွယ်ရေးမှ ရောင်းချသည့် ဖုန်းများအပြင် ကုမ္ပဏီများမှ ရောင်းချထားသည့် ဖုန်းများကိုလည်း ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
ဖုန်းဆင်းကတ် ပျောက်ဆုံးမှုများနှင့် ပတ်သက်၍ ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ''ကိုယ်တိုင် လျှောက်မယ်၊ စာရွက်စာတမ်း အပြည့်အစုံ ပါမယ် ဆိုရင်တော့ ဆက်သွယ်ရေးရုံးကို တိုက်ရိုက် သွားနိုင်ပါတယ်။ ကိုယ်တိုင် မလျှောက်ဘူး၊ ကိုယ်စား လျှောက်မယ်ဆိုရင်တော့ ကုမ္ပဏီကို လာလျှောက်နိုင်ပါတယ်။ နေ့ချင်း ပြီးတော့ မရဘူး။ သုံးပတ် အချိန်ကြာမှာပါ'' ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ အင်တာနက် လျှောက်ခြင်း၊ ဖုန်းဝယ်ခြင်း၊ ကတ် ပျက်စီးခြင်းနှင့် ကတ် ပျောက်ဆုံးခြင်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။