မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 1 April 2013

ငါးဖယ် ငါးဆုပ်ဟင်း


ငါးဖယ် ငါးဆုပ်ဟင်း

ပါဝင်သောပစ္စည်းများ (၁၀ ဦးစာ)

ငါးဖယ်ခြစ် - ၄၀ ကျပ်သား
နနွင်း - လက်ဖက်ဇွန်း ၁ ဇွန်း
ဆား - လက်ဖက်ဇွန်း ၂ ဇွန်း
ရေအေး - ၁ ၁/၄ နို့ဆီဘူး
ငရုတ်သီးပွအခြောက် - ၆ တောင့်
ကြက်သွန်နီ - ၅ ကျပ်သား
ကြက်သွန်ဖြူ - ၃ မြွှာ
ချင်း - ၁/၂ လက်မ
ဆီ - ကျပ်သား
ငံပြာရည် - လက်ဖက်ဇွန်း ၂ ဇွန်း
သကြား - လက်ဖက်ဇွန်း ၁ ဇွန်း
ခရမ်းချဉ်သီး - ၁၀ ကျပ်သား
နံနံပင် - ၅ ပင်

ပြုလုပ်ပုံ အဆင့်ဆင့်

ငါးဖယ်ခြစ်ကို နနွင်း၊ ဆားဖြင့် နာနာနယ်ပြီး နာရီဝက်နှပ်ထားပါ။ မိမိနှစ်သက်ရာ ပုံသဏ္ဌာန် (အလုံး/အပြား) ပြုလုပ်ပြီး ရေမြုပ်အောင် စိမ်ထားပါ။ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ထောင်းပြီး ဖယ်ထားပါ။ ဆီအိုးပူအောင်တည်ပြီး အမွှေး အကြိုင်များနှင့် နနွင်းထည့်မွှေပါ။ ငံပြာရည်နှင့် သကြားထည့်ပါ။ ဆီပြန်အောင် ထားပါ။ ဆီပြန်လျှင် ခရမ်းချဉ်သီး ပါးပါးလှီးထည့်ပါ။ အသာအယာမွှေပြီး (၅) မိနစ်ခန့်ကြာလျှင် ငါးဖယ်ထည့်ပါ။ ငါးဖယ်လုံး၏ မျက်နှာပြင် အရေတင်းစပြုလာလျှင် ငါးဖယ်စိန် ထားခဲ့သည့် ရေကို ရောစပ်ကာ (၅) မိနစ်ကြာလျှင် နံနံပင် အုပ်၍ ဖိုမှ ချကာ တည်ခင်း၍ ရပြီ ဖြစ်ပါသည်။