မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday 24 April 2013

ခင်ဗျားချစ်ရဲ့လား


ခင်ဗျားမနက်ဖြန်ကိုချစ်ရဲ့လား

မေးခွန်းတွေကြောင့်ချော်လဲသွားနိုင်ရဲ့

စကားလုံးတွေက တစ်လုံးနဲ့ တစ်လုံးဝေးလိုက်တာ

နောက်ပြီး စကားလုံးတွေကြားမှာ နေရာလွတ်တွေရှိတယ်ဆိုတာ

မနေ့ ကဆံပင်ကောက်ကောက်နဲ့ ကောင်လေးကပြောသွားတယ်

ဆံပင်ကောက်တာ သူ့ မွေးရာပါတဲ့ တကယ်တော့မျက်နှာတွေကို

ပုံစံပြောင်းလို့ ရတာလူတိုင်းသိတယ်


ဆံပင်တွေကို အသက်သွင်းလို့ ရတာသိတယ်

ဒါပေမဲ့ အရာရာတိုင်းကို ပိုက်ဆံနဲ့ ဖြေရှင်းလို့ မရ

ခရီးဆိုတာသွားလေဝေးလေ နားလေပန်းလေ

ရေတစ်စက်ကြောင့်အမောပြေသွားပါတယ်

ခုတော့ …..ရေတစ်စက်မက၊နှစ်ပေါင်းများစွာတယ်ကပ်လာတဲ့

ပရောဂတစ်ခု….ပရောဂမဟုတ်ဘူး ပြောရရင်မရေရာပါ

မသေချာပါ..သေချာတာဟုတ်လား လက်ရှိသေချာတာက မသေချာခြင်းပါ

ရှုပ်သွားလား မူးသွားလား ပျားရည်သောက်လိုက် အခွံကိုဖောက်သောက်လိုက်ပါ

ရေခဲရေသောက်လိုက် မစိုးရိမ်ပါနဲ့ အစာအိမ်နဲ့ နှလုံးက

အဝေးကြီးပါ..။

အရိုးနဲ့ ထုလိုက်တဲ့ သွေးစက်တွေ

သွေးစက်တွေနဲ့ ပြုလုပ်လိုက်တဲ့ အရိုးတစ်ခု ခင်ဗျားချစ်လားမေးမယ်

မေးခွန်းတွေကြောင့်လဲမကျစေနဲ့ …….။



ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)