အမေရိကန် နာမည်ကြီး ပေါ့ပ်အဆိုတော် မက်ဒေါနားသည် သူမ မွေးစားထားသော ကလေးငယ် လေးဦး အနက် တစ်ဦး၏ မွေးရပ်မြေဖြစ်သော မာလာဝီ နိုင်ငံရှိ မိဘမဲ့ ဂေဟာ တစ်ခုသို့
ဧပြီ ၃ ရက်တွင် အလည် အပတ် ခေါ်ဆောင် သွားခဲ့သည်ဟု သတင်း ရရှိသည်။ မက်ဒေါနား မွေးစားထားသည့် ကလေးငယ် လေးဦး အနက်မှ တစ်ဦးဖြစ်သူ ဒေးဗစ်ဘန်တာကို ယင်းမိဘမဲ့ ဂေဟာမှ ၂ဝဝ၆ ခုနှစ်က ခေါ်ယူ မွေးစားခဲ့ခြင်း ဖြစ်ပြီး ကလေးငယ် ၅ဝဝ ကို ကြည့်ရှု စောင့်ရှောက်ခဲ့သော အဆိုပါ မိဘမဲ့ ဂေဟာသို့ ၂ဝဝ၇ ခုနှစ် မှ စတင် ၍ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်လျက် ရှိသည်။ ထို့အပြင် မက်ဒေါနားသည် လွန်ခဲ့သော သုံးနှစ် အကြာက အဆိုပါ Home of Hope မိဘမဲ့ ဂေဟာသို့ အလည်အပတ် သွားခဲ့သည်ဟု သိရသည်။ မာလာဝီ နိုင်ငံတွင် လူဦးရေ ၁၃ သန်း ခန့် နေထိုင်ပြီး ထက်ဝက် နီးပါးသည် ဆင်းရဲကြသည့် အပြင် တစ်သန်း ကျော်သည် အာဟာရ ချို့တဲ့လျက် ရှိသည့် မိဘမဲ့ ကလေးငယ်များ ဖြစ်ကြကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရ သည်။
