မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 1 April 2013

ပုစွန်ချဉ်သုပ်

ပုစွန်ချဉ်သုပ်

ပါဝင်သော ပစ္စည်းများ (၁၀ ဦးစာ)

ကြက်သွန်နီ(ပါးပါးလှီး) - ၁၂ လုံး
ကြက်သွန်ဖြူ(ပါးပါးလှီး) - ၅ မြွှာ
ငရုပ်စိမ်း(ရိတ်ရိတ်လှီး) - ၁၀ တောင့်
နံနံပင်(ရိတ်ရိတ်လှီး) - ၅ ပင်
ဆား - လက်ဖက်ဇွန်း ၁/၂ ဇွန်း
ဆီ - ၅ ကျပ်သား
ပုစွန်ချဉ်(အသားတင်ဖက်မပါ) - ၃၀ ကျပ်သား


ပြုလုပ်ပုံ အဆင့်ဆင့်

ကြက်သွန်နီကို ရေတွင် ခတ္တစိမ်ပြီး ဆန်ခါခုံးဖြင့် ရေစစ်ထားပါ။ ပန်းကန်ပြားတစ်ချပ်တွင် ပုစွန်ချဉ်ထုပ်မှ အသားကို ခပ်ဖွဖွဖျင်၍ ထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ နံနံပင် ထည့်ပါ။ ဆီစိမ်းထည့်၊ ဆား အနည်းငယ်ထည့်ပြီး လက်ဖြင့် ခပ်ဖွဖွနယ်ကာ တည်ခင်းနိုင်ပါသည်။