မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 1 April 2013

ကကတစ် ခရမ်းချဉ်သီးချက်

ကကတစ် ခရမ်းချဉ်သီးချက်

ပါဝင်သောပစ္စည်းများ

ကကတစ်ငါး - ၉၀၀ ဂရမ်
သံပရာရည် - စားပွဲတင်ဇွန်း ၃ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ - စားပွဲတင်ဇွန်း ၈ ဇွန်း
ခရမ်းချဉ်သီး - ၄၀၀ ဂရမ် အတုံးသေးသေးလေးများ ဖြစ်အောင် စင်းထားပါ
ရေ - ၅၀၀ ml
ငှက်ပျောရွက် - ၇ စင်တီမီတာ အရှည် ၁ ရွက်


ဟင်းအနှစ်အတွက်

ငရုတ်သီးအနီတောင့် - ၄ တောင့်
ငရုတ်သီးတောင့်အသေး - ၁၀ တောင့်
ငရုတ်သီးခြောက် - ၃ တောင့် (ရေနွေးထဲ ထည့်စိမ်ထားပြီး နူးလာလျှင် ရေစစ်ထားပါ)
ကြက်သွန်နီဥသေး - ၈ လုံး (အခွံနွှာထားပါ)
ကြက်သွန်ဖြူ - ၈ မွှာ (အခွံနွှာထားပါ)
စပါးလင် - ၂ ချောင်း (လှီးထားပါ)
ဂျင်း (ချင်း) - လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာခန့်ကို အခွံချွတ်ထားပါ
ဆားကြမ်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြားခဲ - စားပွဲတင်ဇွန်း ၃ ဇွန်းကို ထုကြိတ်ထားပါ
အထက်ပါ ပစ္စည်းများ အားလုံးရောပြီး ညက်နေအောင် ထောင်းထားရပါမယ်။

ပြုလုပ်ပုံအဆင့်ဆင့်

- ငါးကို ရေစင်အောင် ဆေးပြီး နှစ်ဖက်စလုံးကို ၃ မြောင်းခန့် ခက်နက်နက် မွှန်းပေးပါ။
- သံပရာရည်နှင့် ဆားထည့်နယ်ပြီး သတ်သတ်ဖယ်ထားပါ။
ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ထောင်းထားသော ငရုတ်သီးအနှစ်များ ထည့်ကြော်ပါ။ ဟင်းနှစ်အနံ့ မွှေးလာလျှင် ခရမ်းချဉ်သီးထည့်ပါ။ ရေဖြည်းဖြည်း လောင်းထည့်ပါ။ မီးမျှဉ်းမျှဉ်းဖြင့် အပူပေးပြီး ဆီများ ဝေ့တက်လာသည်အထိ (သို့မဟုတ်) ဟင်းနှစ်ပျစ်လာသည်အထိ တည်ထားပါ။
- စားပွဲပေါ်တွင် အလူမီနီယမ်ပြားကို ခင်းပါ။ ၎င်းအပေါ်ကို ငှက်ပျောရွက်တင်ပါ။ ဟင်းနှစ် တစ်ဝက်ယူပြီး ငှက်ပျောရွက်ပေါ် ထည့်ပါ။ ငါးကို တင်ပါ။ ကျန်သည့် အနှစ်များကို ငါးပေါ် ခပ်ထည့်ပါ။
- ပြီးလျှင် ငါးကို ထုပ်လိုက်ပါ။ ၂၀၀ C ကြိုတင် အပူပေးထားသော oven ထဲထည့်ပြီး မိနစ် ၂၀ ခန့် ဖုတ်ပေးပါ။
- ပြီးလျှင် oven ထဲမှာ ထုတ်ပြီး ချက်ချင်း သုံးဆောင်ပါ။