Friday, 5 April 2013
နှလုံးသားကိုယ်ပွား
မြတ်ဦးမောင်က သူဌေးမကြီး ဒေါ်ခင်ဌေးကြွယ်ရဲ့ တစ်ဦး တည်းသော သားဖြစ်ပြီး ရွှေတော်ဝင် ကုမ္ပဏီ ပိုင်ရှင် အကြီး အကဲ ဖြစ်တယ်။ တစ်နေ့ မြတ်ဦးမောင် ရုံးခန်းထဲ မူးလဲ သတိလစ်လို့ ဆေးရုံ ပို့လိုက် ရရဲ့။
မွေးရာပါ နှလုံး ရောဂါ ရှိသူ ဖြစ်လို့ ဒီဘဝ အတွက် သက်တမ်းစေ့ နေနိုင်ဖို့ မလွယ်ကူတော့ ဘူးလေ။ ဆရာဝန် ညွှန်ကြားချက် အရ မြို့ပြင်ရှိ ကုမ္ပဏီပိုင် ရှုခင်းသာ ဟိုတယ်မှာ စိတ် အပန်းဖြေ နားနေ စေတယ်။ တစ်ရက် ရေကူးကန်မှာ ရေကူး ရာက အမော ဖောက်ပြီး ရေနစ်ပါ တော့တယ်။
အပန်းဖြေ စခန်းက သုန္ဒရီ အချိန်မီ ကယ်တင် လိုက်လို့ အသက် ချမ်းသာရာ ရသွားတယ်။ မြတ်ဦးမောင်မှာ အားကစား ဆရာမ သုန္ဒရီကို ကျေးဇူးရှင် အဖြစ် ခင်မင် ရင်း အချိန်တို အတွင်းမှာ ချစ်သူ ဖြစ်သွား ကြပါ လေရော။ နှလုံးရောဂါ ဝေဒနာ ရှင်မို့ သုန္ဒရီကို ဒေါ်ခင်ဌေးကြွယ် ခေါ်တွေ့ပြီး သူ့သားနဲ့ သဘော မတူကြောင်း အပြတ် ပြော လိုက်တယ်။ ဒီကိစ္စကို မြတ်ဦးမောင် သိသွားအောင် ချစ်သူကို မစွန့်လွှတ် နိုင်လို့ မိခင်ကို ဆန့်ကျင်ရင်း အိမ်ပေါ်က ဆင်းသွားပြီး ချစ်သူနဲ့ နှစ်ဦး သဘော တူ လက်ထပ် လိုက်လေ တော့တယ်။ မြတ်ဦးမောင်တို့ မိုးမမြင် လေမမြင် ပျော်ရွှင် ခဲ့ကြရင်း လ အနည်းကြာတော့ ငွေကြေး ကိစ္စနဲ့ လင်မယား အကြီး အကျယ် စကားများ ကြရပြီ။ ဒီမှာတင် မြတ်ဦးမောင် ရှော့ဖြစ်ပြီး အသက်
ရှူကျပ် သတိမေ့လို့ ဆေးရုံကို အားချင်း တင်လိုက် ရတော့တယ်။ မိခင် ဒေါ်ခင်ဌေးကြွယ်မှာ အသက် မီဖို့ ဆေးရုံသို့ အပြေး အလွှား ရောက်ရှိ လာရ ရှာရင်း...။
စီစဉ်သူ မစန်းစန်းဝင်း (မော်လမြိုင်)က ဒါရိုက်တာ ဒေါနနဲ့ ဟိန်းဝေယံ၊ စိုးမြတ်သူဇာ၊ ချောရတနာ၊ ထွန်းထွန်းဝင်းတို့ အပြင် အနု ပညာရှင် များစွာဖြင့် မာန်ထက်ချီ ဗီဒီယို ထုတ်လုပ် ဖြန့်ချိရေးမှ ရိုက်ကူး တင်ဆက် ထားပါတယ်။ ။
Labels:
ရုပ်ရှင်သတင်း
