ရွာဦး စေတီမှာ မောင်သိန်းကို ပုတီးစိတ်၊ တရား အားထုတ်နေတာ အခါကြီး ရက်ကြီးတိုင်း အမြဲ တွေ့ရတယ်။ မိဘက အိမ်ထောင် ပြုစေချင်ပြီး ပေးစားမယ့် အနှင်းကို မောင်သိန်းက ဘဝင်မကျ မနှစ်မြို့ဘူး။ အဲတစ်ဖတ်သတ် ချစ်နေရတဲ့ မလှဆင်က အိမ်ထောင် ပြုသွားတော့ ရွာထဲ မနေချင်လို့ ရန်ကုန်မြို့ကို ဘုရားဖူး ထွက်ဖို့ မိဘဆီ ခွင့်ပန်ပါ တော့တယ်။
ကျော်ကြီးကတော့ အညာဘက်မှာ ရှိတဲ့ အရပ်ပွဲ၊ အလှူပွဲ တွေမှာ အခကြေးငွေ ရရ မရရ ကရရင် ကျေနပ် နေသူပေါ့။ တစ်နေ့ အသုဘ နာရေးမှာ ကပြီးလိုက်ပို့ မိရာက မိဘနှင်ချ မောင်းထုတ်လို့ ရန်ကုန်မှာ ဇာတ်မင်းသား ဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်ရှိလာတယ်။ မောင်လုံးက ဘောလုံး ဝါသနာ အိုးလေ။ ကိုယ်တိုင်လည်း ဘောလုံး ကန်သလို နိုင်ငံခြား ဘောလုံးပွဲ၊ မြန်မာ ဘောလုံးပွဲ တွေကို မလွတ်တမ်း ကြည့်ပြီး အတုခိုး လေ့ကျင့်တတ်သူ ဖြစ်လို့ မိဘက သားကို မလွှတ်ချင် ပေမယ့် အောင်မြင်မှု ရဖို့ ရန်ကုန်ကို လွှတ်ပေးလိုက်ရ ရှာရဲ့။ ချက်ကြီး (ချက်စူ)ကတော့ အဆိုတော်ရူး။ တစ်ရွာလုံးမှာ သူ့လောက် ဆိုတတ်သူ မရှိ ထင်မြင်ပြီး ခေတ်ပေါ် တေးဂီတကို အမြဲ အော်ဟစ်ဆိုရင်း လေ့ကျင့်တတ်သူ ဖြစ်ပြီး ရန်ကုန် တက်လာတာလေ။ ရန်ကုန် အဝေးပြေး ကားဂိတ်မှာ သူတို့လေးယောက် သက်ဆိုင်ရာ ကားတွေပေါ်က ဆင်းလာကြတယ်။ သူတို့လေးယောက် ဆုံမိ ကြပြီးနောက် ဘာဆက်ဖြစ်ကြ မှာပါလိမ့် . . .။
ဒါရိုက်တာ သပြားသုက ဒိန်းဒေါင်အဖွဲ့၊ သီးလေးသီး အဖွဲ့၊ ဖိုက်စတား အဖွဲ့အပြင် ဟာသ ပညာရှင် မြောက်မြားစွာ အားဖြည့်ပြီး ရိုက်ကူးတင်ဆက် ထားပါကြောင်း။ လကမ္ဘာ ဗီဒီယို ထုတ်လုပ်ရေး က ဖြန့်ချိ ပါလိမ့်မယ်။ ။
