ရုပ်ရှင် မင်းသမီးချော အိန်ဂျလီနာ ဂျိုလီသည် အာဖရိက နိုင်ငံများသို့ မသွားရောက်မီတွင် သူမ၏ စေ့စပ် လက်စွပ်ကို ၎င်း နိုင်ငံများသို့ ဝတ်ဆင်သွားရန် ငြင်းဆန် ခဲ့ခြင်းကြောင့် ဘရတ်ပစ်သည်
စေ့စပ် လက်စွပ် အစား အဘွား ဖြစ်သူ၏ မင်္ဂလာ လက်ကောက်ကို ဝတ်ဆင်ရန် လက်ဆောင် ပေးခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ်အရ သိရသည်။ ဝင့်ကြွား ထည်ဝါလှသည့် စေ့စပ် လက်စွပ်ကို ဝတ်ဆင်ရန် သူမက ငြင်းဆို ရခြင်းမှာ ဆင်းရဲသော နိုင်ငံများသို့
သွားရာတွင် ဈေးကြီးလှသည့် အဝတ်အစား များနှင့် ကျောက်မျက် ရတနာများ အပါအဝင် အဖိုးတန် ပစ္စည်းများသည် အရေး မကြီးဟု သူမ အနေဖြင့် ယူဆသောကြောင့် ဖြစ် သည်ဟု သူမ၏ အတွင်းသိ တစ်ဦးက ပြောကြားသည်။ မိမိ အနေဖြင့်လည်း ထည်ဝါလှသော စေ့စပ် လက်စွပ်ကြီးကို ဆင်းရဲ နွမ်းပါး သည့် နိုင်ငံများသို့ ဝတ်ဆင်၍ မသွားလိုသည့် သူမ၏ စိတ်ကို အပြည့်အဝ နားလည်ကြောင်း၊ သို့ရာတွင် မိမိ အနေဖြင့် သူမကို စေ့စပ် လက်စွပ်အစား ထူးခြားသည့် ပစ္စည်း တစ်ခု ခုကို ပေးရန် ဆန္ဒ ရှိခဲ့ခြင်းကြောင့် အဘွား ဖြစ်သူ၏ မင်္ဂလာ လက်ကောက်ကို လက်ဆောင် ပေးခဲ့ရခြင်း ဖြစ်ကြောင်း ဘရတ်ပစ်က ပြောကြား ခဲ့သည်ဟု သိရသည်။
