အော်စကာ ဆုရှင် အဆိုတော် အဒဲလ်သည် ကမ္ဘာကျော် အလှကုန် ပစ္စည်းများ၏ ပင်တိုင် မော်ဒယ်လ် အဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်း ခံရလျက် ရှိကြောင်း သိရသည်။ အဒဲလ်အား ပင်တိုင် မော် ဒယ်လ် အဖြစ် ရရှိရန် အတွက်
ကမ္ဘာကျော် အလှကုန် ကုမ္ပဏီများ ဖြစ်ကြသည့် Estee Lauder L'Oreal နှင့် Dior တို့က အနုပညာကြေး စတာလင် ပေါင် ၁ဝ သန်းဖြင့် ကမ်းလှမ်းရန် ကြိုးပမ်း လျက် ရှိသည်။ အဒဲလ် အတွက် အလွန် တန်ဖိုးကြီးသော တောင်းဆိုခံရမှု ဖြစ်ကြောင်း၊ ၎င်း ကမ်းလှမ်းမှုများကို လက်ခံ လိုက်ပါက သူမ၏ ဂီတလုပ်ငန်း များတွင်လည်း အထောက်အကူ ပေးနို င်မည် ဖြစ်ကြောင်း အဒဲလ်နှင့် ရင်းနှီးသူ တစ်ဦးက ဆိုသည်။ အဒဲလ်သည် ကမ်းလှမ်းမှုများကို လက်ခံရန် သင့်၊ မသင့် စဉ်းစားလျက် ရှိကြောင်း၊ အဒဲလ်သည် သူမ၏ ၁၉ နှင့် ၂၁ တေးအယ်လ် ဘမ်များသည် မယုံကြည် နိုင်လောက်အော င် အောင်မြင်မှုများစွာ ရခဲ့သည့် အတွက် စဉ်းစားနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
