ကမ္ဘာကျော် အဆိုတော် ရီဟန်းနားသည် လည်ချောင်းနာ ဝေဒနာ ခံစားရသဖြင့် ဖျော်ဖြေပွဲ ဒုတိယ ညကို ဖျက်သိမ်း လိုက်ရသဖြင့် သူမ၏ ဖျော်ဖြေပွဲအား စောင့်မျှော် နေကြသည့် ပရိသတ် များ ကို တောင်းပန်ခဲ့ ကြောင်း
သိရသည်။ ရီဟန်းနားသည် သူမ၏ Diamonds ကမ္ဘာလှည့် ဖျော်ဖြေပွဲအား မတ် ၈ ရက်က နယူးယောက်မြို့တွင် စတင် ကျင်းပခဲ့ပြီး လည်ချောင်းနာမှုကြောင့် မက်ဆာ ချူးဆက် ပြည်နယ် ဘော့ စတွန်မြို့တွင် ကျင်းပမည့် ဖျော်ဖြေပွဲကို ဖျက်သိမ်း လိုက်ရခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဖျော်ဖြေပွဲ ဖျက်သိမ်း ရခြင်းအတွက် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း၊ ပရိသတ် များကို စိတ်ပျက်စေမိသည့် အတွက် အရှက် ရမိသည့် အပြင် မိမိ၏ ဝေဒနာကို သက်သာစေရန် ဆုတောင်း ပေးခဲ့ကြသည့် ပရိသတ်များကို ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
