အချစ်တိုက်ပွဲ ဇာတ်လမ်းတွဲမှ မင်းသားချော လီမင်ဟိုသည် လာမည့် မေလတွင် သူ၏ ပထမဆုံး ဂီတ အယ်လ်ဘမ်ကို ဖြန့်ချိသွားမည် ဖြစ်ကြောင်း လီမင်ဟို၏ အနုပညာ အေဂျင်စီမှ ကြေညာချက် ကို ကိုရီးယား သတင်း ဌာနများက
ဖော်ပြသည်။ လီ၏ ပထမဆုံး ဂီတ အယ်လ်ဘမ်ကို ဖြန့်ချိရမည့် အကြောင်းရင်းမှာ လီသည် ပရိသတ်နှင့် တွေ့ဆုံပွဲ တစ်ခုတွင် ပရိသတ်များအား တေးသီချင်းဖြင့်ေ ဖျာ်ဖြေသည့် အခါ ပရိသတ်များ က တေးအယ်လ်ဘမ် ထုတ်ရန် တောင်းဆိုမှု များစွာ ရှိခဲ့သည့် အတွက်ဖြစ်ကြောင်း လီ၏ အနုပညာ အေဂျင်စီက ထပ်လောင်း ပြောကြားခဲ့သည်။ အဆိုပါ တေး အယ်လ်ဘမ်ကို နှစ်နှစ်ကြာ ပြင်ဆင် ခဲ့ပြီးနောက် ပရိသတ် များထံသို့ အရောက် ပေးပို့သွားမည် ဖြစ်ကြောင်း၊ သို့သော် လီသည် ဂီတ လုပ်ငန်း ဖြင့် အသက် မွေးသွားမည် မဟုတ်ေ ကြာင်း ပြော ကြားခဲ့သည်။ လီမင်ဟိုသည် ၂ဝဝ၉ ခုနှစ် တွင် F4 ချစ်သူ ဇာတ်ကားမှ ဂူဂျွန်ပျို အဖြစ် အောင်မြင် ကျော်ကြားလာခဲ့သူ တစ်ဦး ဖြစ်သည်။ လီသည် လာမည့် မေလတွင် ဖျော်ဖြေပွဲ ခရီးစဉ် ကို ကျင်းပသွားမည်ဟု သိရသည်။ လီ၏ ဖျော်ဖြေပွဲ ခရီးစဉ်အား ကိုရီးယား နိုင်ငံတွင် စတင်သွားမည် ဖြစ်ပြီး ဂျပန်၊ ထိုင်းနှင့် ဖိလစ်ပိုင် အစရှိသည့် အာရှနိုင်ငံ တစ်ဝန်းတွင် ကျင်းပ သွားမည်ဖြစ် သည်။ ၎င်း ဖျော်ဖြေပွဲ ခရီးစဉ်မှာ ဇူလိုင်လတွင် အဆုံး သတ်မည် ဖြစ်ကြောင်း အင်တာနက် သတင်းများ အရ သိရသည်။
