Friday, 5 April 2013
ချစ်သူကမ္ဘာ
မြတ်သူရက ဆင်းရဲ ပေမယ့် ရထားတဲ့ ဘွဲ့နဲ့ တန်တဲ့ အလုပ်ကိုပဲ လုပ်မယ်လို့ သန္နိဋ္ဌာန် ချထားတယ်။ တစ်နေ့ ဦးအောင်ကျော်နဲ့ သူ့မိတ်ဆွေ ပွဲရုံ သူဌေး ဦးမာန်
ဟိန်းတို့ ဆုံကြပြီး မြတ်သူရမှာ ပညာတတ် ဘွဲ့ရ ရိုးအပြီး အကျင့် စာရိတ္တ ကောင်းမွန်တာ ထောက်ခံ ပြောဆို ရာက ဦးမာန်ဟိန်း သဘောကျ သွားပြီး သမီး ရတနာ ဖြိုးနဲ့ လက်ဆက် ပေးဖို့ ဆုံးဖြတ် လိုက်တယ်။ မင်္ဂလာဆောင်ဖို့ ကိစ္စ မြတ်သူရကို မိဘ နှစ်ပါးက နားချတော့ လက်ခံ သဘောတူ လိုက်ရင်း မင်္ဂလာပွဲ ကျင်း ပ ဖြစ်တယ်။
ဦးမာန်ဟိန်းက သူဖွင့်မယ့် ဘီယာ ဆိုင်မှာ မြတ်သူရကို ကောင်တာထိုင် ဦးစီးခိုင်း နေလို့ သူ့ ပညာနဲ့ တန်တဲ့ အလုပ် လျှောက်လွှာတွေ မကြာခဏ ဆိုသလို စာတိုက် က တစ်ဆင့် အလုပ်လျှောက် နေမိ တော့တယ်။
တစ်ရက် ဆိုင် ဝန်ထမ်းက မြတ်သူရကို အလုပ် ခေါ်စာ တစ်စောင် ရောက်ကြောင်း အစ်ကို့ ယောက္ခမက ယူပြီး စုတ်ဖြဲကြောင်း ပြောပြတယ်။
မြတ်သူရ ပေါက်ကွဲပြီး ရွာပြန်တော့ ဦးအောင်ကျော် လိုက်လာပြီး ဆူပူရင်း ပြန်ခိုင်းတယ်။ ရန်ကုန် ပြန်ရောက်ပြီး တစ်နေ့မှာ ကုမ္ပဏီ တစ်ခုက သစ်မွှေး စိုက်ပျိုးရေး လုပ်ရန် စိုက်ပျိုးရေး ဘွဲ့ရ လိုအပ်တာ ခေါ်စာ ရလို့ ပျော်ပြီး အလုပ် အတွက် ခရီး ထွက်ဖို့ ပြင်ဆင်တော့ ဦးမာန်ဟိန်း ကသူ့သမီး ဒီမှာ ထားပြီး တစ်ပဲ ခြောက်ပြား ရမယ့် အလုပ်ကို သွားလုပ် မယ်ဆိုတာ မင်း ငါတို့ကို စော်ကား တာပဲလို့ ကြိမ်းမောင်း ပြောပြန်ပြီ။
မြတ်သူရ အလုပ်ဝင်ပြီး လုပ်ငန်းခွင်မှာ သူဌေးက သဘောကျတဲ့ အပြင် ကျန် ဝန်ထမ်း တွေကလည်း လေးစား အားကိုး ကြရှာရဲ့။ ဒီအချိန် ရတနာဖြိုးမှာ ကိုယ်ဝန် ရှိနေပြီလို့ ဖုန်း ဝင်လာလို့ ဝမ်းသာလုံး ဆို့ပြီး သူဌေး ဆီကခွင့် ယူရင်း ဇနီးရှိရာ အပြေးပြန် အလာမှာ...။
နေစိုးသော် ဇာတ်ညွှန်းကို ဒါရိုက်တာ ဟိန်းစိုးက နိုင်းနိုင်း၊ မိုးယုစံ၊ ဇော်ဦး၊ အောင်ခိုင်၊ လှလှမိုး တို့နဲ့ ရိုက်ကူး တင်ဆက် ထားပါတယ်။ ။
Labels:
ရုပ်ရှင်သတင်း
