ပုစွန်ချဉ်စပ် ဟင်းရည်
ပါဝင်ပစ္စည်းများ
ပုစွန်ကျားလတ်လတ်ဆတ်ဆတ် - ၁၆ ကောင်
ကြက်သား ပြုတ်ရည် - လက်ဖက်ရည်ခွက် ၈ ခွက်
စပါးလင်ပင် - ၁ ပင် (သုံးပိုင်း ပိုင်းထားပါ)
မုန်လာဥနီ - ၁ ဥ (ပါးပါးလှီးထားပါ)
ရှောက်ရွက် - အနည်းငယ်
ငရုတ်သီးအနီ - အနည်းငယ်
ပဲငံပြာရည် အကြည် - စားပွဲဇွန်း ၁ ဇွန်း
ငါးငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
သံပရာရည် - စားပွဲဇွန်း ၁ ဇွန်း
မြေပဲပင်ပေါက် - အနည်းငယ်
ကြက်သွန်နီကြော် - အနည်းငယ်
ပြုလုပ်ပုံ အဆင့်ဆင့်
- ပုစွန်ကို အခွံခွာပြီး အကြောထုတ်ထားပါ။ အမြီးပိုင်းအခွံကို ချန်ထားပါ။
- ခွာထားတဲ့ ပုစွန်ခွံတွေကို ကြက်ပြုတ်ရည်၊ စပါးလင်တို့နဲ့ ရောပြီး မီးပြင်းပြင်းနဲ့ ပွက်ပွက် ဆူအောင် တည်ပါ။ ဆယ်မိနစ်ခန့် မီးအရှိန်လျှော့ပြီး ဆက်တည်ပါ။
- ဟင်းရည်အိုးထဲက ပုစွန်ခွံတွေကို ဆယ်ထုတ်ပြီး မုန်လာဥနီ၊ ရှောက်ရွက်၊ ငရုတ်သီးတို့ကို ထည့်ပြီး ငါးမိနစ်လောက် ထပ်တည်ပေးပါ။
- ပြီးရင် ပုစွန်ထည့်ပြီး ပုစွန်အရောင်ပြောင်းလာတဲ့အထိ မိနစ်အနည်းငယ်လောက် တည်ပါ။ ပွက်ပွက်ဆူဖို့ မလိုပါ။
- မီးဖိုပေါ်ကနေ ချပြီး ပဲငံပြာရည်နဲ့ သံပရာရည်တို့ကို ထည့်ပါ။
- အားလုံးချက်ပြီးပါက ပန်းကန်လုံးထဲကို ပဲပင်ပေါက်နဲ့ ကြက်သွန်နီကြော် ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
