ငါးချဉ်စပ်
ပါဝင်သောပစ္စည်းများ
မာလာငါး - ၁ ကောင်
ခရမ်းချဉ်သီး - ၅ လုံး
ကြက်သွန်ဖြူ - အနည်းငယ်
ကြက်သွန်နီ - အနည်းငယ်
ချင်း(ဂျင်း) - အနည်းငယ်
ရှာလကာရည် - အနည်းငယ်
နံနံပင် - အနည်းငယ်
ငရုတ်သီးခွဲခြမ်း - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ခရမ်းချဉ်သီးများကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ၊ နီ၊ ချင်းကိုထောင်းပါ။ ပထမဦးဆုံး မာလာငါးကို ရေစင်အောင်ဆေး၍ ကြော်ပြီး သတ်သတ်ဖယ်ထားပါ။ ငါးကြော်ထားသော ဆီအိုးထဲသို့ ငရုတ်သီးများကို ဆီသတ်ပါ။ ရဲလာလှ်ျ ထောင်းထားသော ကြက်သွန်နှစ်များ၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီးများ ထည့်၍ ဆီသတ်ပါ။ ချဉ်အောင် ရှာလကာရည် အနည်းငယ်ထည့်၍ အရည်စပ်စပ်လေးဖြစ်အောင် လုပ်ပြီး သတ်သတ်ဖယ်ထားသော ငါးကြော်ထဲသို့ ထည့်၍ ပြန်နှပ်ပါ။ ရေအနည်းငယ် ထည့်ပေးပါ။ ဆူလာလျှင် ကြက်သားမှုန့် ထည့်ပါ။ ချခါနီးမှာ နံနံပင်လေးအုပ်၍ သုံးဆောင်နိုင်ပါပြီ။
