စင်ကာပူ သရုပ်ဆောင် မင်းသမီးချော ဂျက်ဆီကာလူးက ၎င်း သရုပ်ဆောင်ထားသော "Marry Me" ဒရမ်မာ ဇာတ်ကားသစ်တွင် ပါဝင် သရုပ်ဆောင်ခဲ့သော ရိန်းဘိုးအန်၏ ဇာတ်ရုပ်ကဲ့သို့ သည်းခံ တတ်သော ချစ်သူမျိုးကို ရှာဖွေလျက် ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ မိမိ၏ ချစ်သူသည်
ရုပ်ရည်သန့်ပြန့် ကောင်းမွန်ရမည် ဖြစ်ပြီး မိမိအား ရယ်မောနိုင်အောင် လုပ်နိုင်ရမည့် အပြင် သည်း ခံနိုင်စွမ်း ရှိရမည် ဖြစ်ကြောင်း လူးက ထုတ်ဖော် ပြောကြားခဲ့သည်။ မိမိသည် အချိန်ပြည့် အလုပ် များနေ သောကြောင့် မိမိ၏ ချစ်သူသည် ပုဂ္ဂိုလ်ရေး အရ သည်းခံရမည် ဖြစ်ပြီး မိမိ၏ အခြေအနေကို နားလည် ပေးရမည် ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။ အချို့က မိမိကို အလွန် မာနကြီး သည်ဟု ထင်ကြသော်လည်း နှစ်ယောက်အတူ ဘဝကို ရပ်တည်ရန် အတွက် မိမိ၏ ဘဝကို နားလည်နို င်စွမ်း ရှိသော ချစ်သူမျိုး ဖြစ်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ "Marry Me" ဇာတ်ကားကို Channel U ရုပ်သံလိုင်းတွင် နေ့စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် သောကြာနေ့ ည ၈ နာရီ တွင် ပြသလျက် ရှိကြောင်း သိရသည်။
