မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

မင်္ဂလာပွဲကို စောစီးစွာ ကျင်းပရန် ဂျနီဖာ အင်နစ္စတန် စီစဉ်လျက်ရှိ

ကမ္ဘာကျော် ရုပ်ရှင် မင်းသမီးချော ဂျနီဖာ အင်နစ္စတန်သည် ၎င်း၏ ပြိုင်ဘက် အိန်ဂျလီနာ ဂျိုလီအား အနိုင် ရရန်အတွက် လာမည့် ရက်သတ္တပတ် အနည်းငယ် အတွင်း ချစ်သူဖြစ်သူ ဇာတ်ညွှ န်းရေး ဆရာ ဂျက်စတင် သီရော့ဇ်နှင့် လက်ထပ်ပွဲ ကျင်းပရန် ပြင်ဆင်လျက် ရှိကြောင်း

သိရသည်။ ဂျနီဖာ အင်နစ္စ တန်သည် ကွန်နက်တီကပ် ပြည်နယ်တွင် ရိုက်ကူးနေသော ဇာတ်ကားကို  ယခု ရက် သတ္တပတ် အကုန်တွင် အဆုံးသတ် ရိုက်ကူးမည် ဖြစ်သောကြောင့် ၎င်း၏ ရင်းနှီးေ သာ မိတ်ဆွေများသည် ဇာတ်ကား ရိုက်ကူးမှု ပြီးစီးပြီး မကြာမီ လက်ထပ်ပွဲ ကျင်းပရန် မျှော်မှန်းထားသည်။ ဂျနီဖာသည် မင်္ဂလာဝတ်စုံ၊ မင်္ဂလာပွဲ ကျင်းပမည့် ရက်နှင့် မင်္ဂလာ တီးဝိုင်း
အဖွဲ့ကို ရွေးချယ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ဂျနီဖာတို့ စုံတွဲသည် ပြီးခဲ့သည့်နှစ် နွေရာသီက စေ့စပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဂျနီဖာသည် ယခုအခါ အိမ်ထောင် ထပ်ပြု ရန် အတွက် မင်္ဂလာပွဲကို စီစဉ်ခြင်းသည် ၂ဝဝ၅ ခုနှစ်က ရုပ်ရှင် လောကတွင် ၎င်းတို့ နှစ်ဦးနှင့် ပတ်သက် ၍  ထွက်ပေါ်ခဲ့သော ကောလာဟလ များကို  အဆုံးသတ် နိုင်ခဲ့သည်။ ဂျနီဖာ၏ မင်္ဂလာပွဲတွင် ရုပ်မြင်သံ ကြား အစီအစဉ်မှူး ချယ်လ်ဆီးဟန် ဒလာက သတို့သမီး အရံအဖြစ် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ကောင်တီ နီကော့ဇ်၏ ရှစ်နှစ်အရွယ် သမီးဖြစ်သူ ကိုကိုက ပန်းကြဲသူ အဖြစ် ဆောင် ရွက် ပေးမည်ဖြစ်သည်။ ဂျနီဖာ သည် မင်္ဂလာပွဲနှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက် များကို လျှို့ဝှက် ထားခြင်းကြောင့် သူမ၏ မင်္ဂလာပွဲနှင့် ပတ်သက်၍ သတင်း မီဒီယာများက ကျယ် ကျယ်ပြန့်ပြန့် သတင်း ပေးနိုင်မည် မဟုတ်ကြောင်း နှင့် မင်္ဂလာပွဲကို ဟာဝါရီကျွန်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရင်းနှီးသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။