ခရီးသွားနေတဲ့ အချိန် လမ်းမှာ ကိုယ်သုံးတဲ့ စမတ်ဖုန်း ဖြစ်ဖြစ် လတ်တော့ ဖြစ်ဖြစ် ဘထ္ထရီ ကုန်သွားရင် ဘာမှဆက်သွယ်ရေး ဘာညာလုပ်လို့ မရလို့ စိတ်ညစ်ရတဲ့ အခါတွေလည်း ရှိပါတယ်။
ဒါကြောင့် ကလီဖိုးနီးယား တောင်ပိုင်း ကုမ္မဏီတစ်ခုက ဒီအခက်အခဲ လေးတွေကို ဖြေရှင်းနိုင်ဖို့ ခရီးသွား ကျောပိုးအိတ်မှာ အားသွင်းလို့ ရတဲ့ Charging လေးကို ဖန်တီး လိုက်ပါတယ်။
ဒီအရာလေးက ခရီးသွားရင်း မိမိ မိုဘိုင်း ပစ္စည်းလေးများကို အားဖြည့်အချိုရည် တိုက်ပေးမဲ့ အရာလေး ပါတဲ့။
TYLT တံဆိပ် ခရီးသွား ကျောပိုးအိတ် 10,400 mAh အားရှိပြီး ပြန်လည် အားသွင်းနိုင်တဲ့ lithium-ion ဘထ္ထရီကို အသုံးပြု ထားပါတယ်။
အားသွင်းနိုင်တဲ့ USB Port သုံးခု ပါရှိပါတယ်။ အားသွင်းပြီး ဖုန်းတစ်လုံးကို လေးနာရီကြာ ပြန်လည် အသုံးပြုနိုင်မှာ ဖြစ်ပြီး အားသွင်းလိုက်လို့ ကုန်သွားတဲ့အခါ ပြန်ဖြည့်ပေးရန် လိုပါတယ်။ ကျောပိုးအိတ်ထဲက အားသွင်းဖို့ သိုလှောင်တဲ့ အိတ်တွေကလည်း ရေစိုခံ ပြုလုပ် ပေးထားပါတယ်။
ရောင်းဈေးကိုတော့ မကြေငြာ ထားသေးပေမဲ့ ဒေါ်လာ $100 လောက် ရှိမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါကလည်း ခရီးအမြဲ သွားနေတဲ့ သူတွေအတွက် အဆင်ပြေစေမဲ့ အသုံးအဆောင်လေး ပါပဲ။
