ကမ္ဘောဒီးယား- တရုတ် မိတ်ဖက် ဆက်ဆံရေးသည် လွန်ခဲ့သော ဆယ်စုနှစ် ကျော်ကာလ အတွင်း တိုးတက် ကောင်းမွန်ခဲ့ပြီး တရုတ် ခေါင်းဆောင်သစ် လက်ထက်တွင်လည်း ဆက်ဆံရေးသည် နက်ရှိုင်းခိုင်မာလာ လိမ့်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့ပါသည်။
အဆိုပါ မှတ်ချက်စကားသည် တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးလာရောက်စဉ် ဆင်ဟွာ သတင်းဌာ နနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုအတွင်း ဟွန်ဆန်မှ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ဟွန်ဆန်သည် အာရှနှစ်စဉ် ညီလာခံဆိုင်ရာ Boao ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ပါသည်။ နှစ်နိုင်ငံအနေဖြင့် ကျယ်ပြန့် သော မဟာဗျူဟာမြောက် မိတ်ဖက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဆင့်သို့ ရောက်ရှိစေရန် အတွက် အိမ်နီးချင်းကောင်း မိတ်ဖက် ဆက်ဆံရေးမှ စတင်လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ ဆက်ဆံရေးသည် ကုန်သွယ်မှု အပါအဝင် နိုင်ငံရေးနှင့် ကဏ္ဍ အားလုံးတို့တွင် လျင်မြန်စွာ တိုးတက်ခဲ့ကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် သမ္မတဟောင်း ဟူကျင်တောင် ကမ္ဘောဒီးယား နိုင်ငံသို့ လာရောက်စဉ် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပမာဏအား ၂ဝ၁၇ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၅ ဘီလီယံထိ တိုးမြှင့်ရန် သဘော တူညီခဲ့ကြောင်း ဟွန်ဆန်က ပြောကြားခဲ့ပါသည်။
