မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

ကိုရီးယား နှစ်နိုင်ငံ အကြားရှိ ပူးတွဲ တည်ထောင်ထားသည့် ပူးပေါင်း စက်မှုဇုန် အတွင်း တောင်ကိုရီးယား နိုင်ငံသား များ ဝင်ရောက်ခြင်း မပြုရန် မြောက်ကိုရီးယား နိုင်ငံက ပိတ်ပင်

ကိုရီးယား နှစ်နိုင်ငံ အကြားရှိ ပူးတွဲ တည်ထောင်ထားသည့် စက်မှုဇုန် အတွင်း အလုပ်လုပ်ကိုင် နေသည့် တောင်ကိုရီးယား နိုင်ငံသားများ၏ လုံခြုံရေးကို မြောက်ကိုရီးယား နိုင်ငံက ခြိမ်းခြောက်လာမည် ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်များ အတွက်

စစ်ရေးဆိုင်ရာ အရေးပေါ် စီမံချက်များ ပြင်ဆင် ထားရှိပြီး ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံက ပြောကြားခဲ့ပါသည်။ ဖြစ်ပေါ်လာနိုင်သည့် အဆိုးရွားဆုံး အခြေအနေများ အတွက် စစ်ရေးအရ ဆောင်ရွက်မည့် စီမံကိန်း အပါအဝင် အရေးပေါ် အစီအမံများကို ပြင်ဆင် ထားရှိပြီး ဖြစ်ပါကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ကင်ကွမ်ဂျင်းက ဧပြီလ ၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ထိုနေ့တွင်ပင် ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးရုံးမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက တောင်ကိုရီးယား နိုင်ငံသား ၄၈ဝ ဦးခန့်ကို ပူးပေါင်း စက်မှုဇုန်သို့ ဝင်ရောက်ခြင်း မပြုရန် မြောက်ကိုရီးယား နိုင်ငံက ပိတ်ပင် ထားကြောင်း ပြောကြားခဲ့ပါသည်။