Friday, 5 April 2013
ရုရှားနိုင်ငံသည် ဆိုက်ဘေးရီးယား၊ Novosibirsk ဒေသရှိ စက်မှု လုပ်ငန်းများအား ကာကွယ်ရန် အတွက် တိုက်လေယာဉ် အုပ်အား တပ်ဖြန့်သွားမည်
ရုရှားနိုင်ငံသည် ဆိုက်ဘေးရီးယား၊ Novosibirsk ဒေသရှိ စက်မှု လုပ်ငန်းများအား ကာကွယ်ရန် အတွက် Mikoyan Mi G-31 BM Foxhound M ကြားဖြတ် တိုက်လေယာဉ် အုပ်အား တပ်ဖြန့်သွားမည် ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ဧပြီလ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
အဆိုပါ တပ်ဖြန့်မှုသည် ဆိုက်ဘေးရီးယား လေပိုင်နက် လုံခြုံရေးအတွက် အားဖြည့် ဆောင်ရွက်သည့် အစီအစဉ် တစ်ရပ်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါသည်။ ယခင်က
Novosibirsk ဒေသ ဝေဟင်ပိုင်နက်အား Omsk မြို့ရှိ တိုက်ခိုက်ရေး လေယာဉ် အခြေစိုက် စခန်းတစ်ခုမှ ကာကွယ် စောင့်ရှောက် ခဲ့သော်လည်း အဆိုပါ လေတပ်အခြေစိုက် စခန်းအား ၁၉၉၈ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပါသည်။ အဆိုပါ MiG-31 BM ကြားဖြတ် တိုက်လေယာဉ်သည် MiG-31 အား အဆင့်မြှင့်တင် ထားခြင်းဖြစ်ပြီး လက်နက် စနစ်အသစ်များ တပ်ဆင် ထားပါသည်။ ၃၂ဝ ကီလိုမီတာ အတွင်းရှိ ပစ်မှတ်အား ရှာဖွေနိုင်ပြီး ၂၈ဝ ကီလိုမီတာ အတွင်းရှိ ပစ်မှတ်အား ထိရောက်စွာ ပစ်ခတ်နိုင်ကြောင်း သိရှိရ ပါသည်။
