အထူး တပ်ဖွဲ့အား တိုကျို ရဲတပ်ဖွဲ့ ဌာနမှူး Kazuo Toda က ဦးဆောင်သွားမည် ဖြစ်ပါသည်။ ဆိုက်ဘာ တိုက်ခိုက်မှုများ အပေါ် ဆန့်ကျင် တိုက်ခိုက်မှု များသည် ယခုနှစ် အတွင်း အရေးပါသော အလှည့်အပြောင်း တစ်ခုအဖြစ် ရောက်ရှိလာမည်ဟု မျှော်လင့် လျက် ရှိကြောင်း Toda က ပြောကြား ခဲ့ပါသည်။ အထူး တပ်ဖွဲ့ အနေဖြင့် ဆိုက်ဘာ တိုက်ခိုက်မှုများအား စုံစမ်း စစ်ဆေးရေးနှင့် ဖော်ထုတ်ရေး အတွက် မကြာမီ အချက် အလက်များ စုဆောင်းမှုကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Toda က ထပ်မံ ပြောကြား ခဲ့ပါသည်။ ဂျပန်နိုင်ငံ အတွင်း ဆိုက်ဘာ တိုက်ခိုက်မှုများ မြင့်တက် နေသောကြောင့် ဆိုက်ဘာတန်ပြန် တိုက်ခိုက်ရေး အထူး တပ်ဖွဲ့အား ဂျပန်နိုင်ငံ၏ ဒေသ ၁၂ ခုရှိ ရဲဌာနချုပ် များတွင် ဖွဲ့စည်း တည်ထောင်ပေးသွားမည် ဖြစ်ပါသည်။ ဆိုက်ဘာ တိုက်ခိုက်မှုများတွင် အစိုးရ ရုံးများနှင့် ကုမ္ပဏီများ၏ သတင်း အချက်အလက်များ အား ခိုးယူရန် အတွက် မသမာသော နည်းဖြင့် စီမံထားသော Software ကို E-mail တွင် ပူးတွဲ ပေးပို့ခြင်းနှင့် အချက်အလက်များ စုပုံ ပေးပို့ကာ Website ကို ပိတ်ဆို့ သွားစေသော နည်းတို့ကို အသုံးပြု ကြကြောင်း သိရှိရ ပါသည်။
